ပုလောနှင့် လွိုင်ကော်တို့တွင် အကြမ်းသမားများပစ်လိုက်သည့် ဗုံးသီးနှင့် ထောင်ထားသည့် မိုင်းပေါက်ကွဲမှု ကြောင့် လူငယ် ၁ ဦးနှင့် အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - November 12, 2024
နေပြည်တော်၊ နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့တွင် အကြမ်းသမားများ ပစ်လိုက်သည့် ဗုံးသီးနှင့် ထောင်ထားသည့်မိုင်း ပေါက်ကွဲမှုကြောင့် လူငယ်၁ဦးနှင့် အမျိုးသမီးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီတွင် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်နေ မောင်လပြည့်ထွန်း (၁၃)နှစ်သည် ရပ်ကွက်အတွင်း သံတိုသံစများ လိုက်လံကောက်ယူနေစဉ် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းပေါက် ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိ ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၅)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်လုပ် စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက် အတွင်း စိန်ပြောင်းဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ မဝေဝေဖြိုး(၃၁)နှစ်နှင့် မောင်အောင်ပြည့်စုံ(၆)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာ များရရှိခဲ့၍ ဆေးကုသနိုင်ရေး ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
#PeopleMedia