• Follow Us on
Latest News

Home ပုလောမြို့တွင် PDF များမှ သေနတ်ဖြင့်ပစ်ခတ်ရာ အမျိုးသားတစ်ဦး ဒဏ်ရာရ၍ အမျိုးသမီးတစ်ဦး သေဆုံး

ပုလောမြို့တွင် PDF များမှ သေနတ်ဖြင့်ပစ်ခတ်ရာ အမျိုးသားတစ်ဦး ဒဏ်ရာရ၍ အမျိုးသမီးတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၉

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ စက်ပြင်ကြီးကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦး ကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်ရာ အမျိုးသားမှာ ဒဏ်ရာရ၍ အမျိုးသမီးမှာ သေဆုံးသွားကြောင်း သိရ သည်။

 

မကြာသေးမီရက်ပိုင်းက PDF များမှ ပုလောမြို့နယ်ရှိ စစ်ပြင်ကြီးကျေးရွာသို့ ရောက်ရှိလာပြီး ထိုကျေးရွာတွင် နေထိုင်သည့် ဦးအောင်ဇာထွန်းမှာ ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌ အတူတူရှိနေချိန်တွင် သေနတ်ဖြင့် ပစ် ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးအောင်ဇာထွန်းမှာ ညာဘက်လက်သန်းကြွယ်မှာ ပြတ်သွားပြီး၊ ဇနီးဖြစ်သူ ဒေါ်မိုးပွင့်မှာ ခါး၊ တင်ပါးနှင့် ခြေထောက်တို့တွင် ကျည်ထိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post