• Follow Us on

Home ပုလောမြို့တွင် PDF (၁) လောင်းနှင့်အတူ လက်နက်များ သိမ်းဆည်းရမိ

ပုလောမြို့တွင် PDF (၁) လောင်းနှင့်အတူ လက်နက်များ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၄

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် မိုင်းထောင်နေသည့် PDF (၁) ဦးကို လုံခြုံရေးတပ်ဖွဲ့မှ လက်နက်များနှင့်အတူသိမ်းဆည်းရမိကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့မှ ပုလောမြို့ရှိ ကျေးရွာတစ်ချို့ကို လုံခြုံရေးတပ်ဖွဲ့မှ နယ်မြေရှင်း လင်းရေးဆောင်ရွက်နေစဉ် ဆယ်အိမ်စုကျေးရွာအနီးတွင် မိုင်းထောင်နေသည့် PDF ကို အသေပစ်ခတ်နိုင်ခဲ့ ကြောင်း သိရသည်။

 

ထိုပစ်ရာတွင် PDF အလောင်း (၁) လောင်း၊ သေနတ် ၂ လက်၊ မိုင်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း လောင်းလုံးမြို့၊ ဇလွတ်ကျေးရွာအနီးတွင် PDF များ၏ စခန်းအတွင်း လက် လုပ်သေနတ်နှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post