• Follow Us on
Latest News

Home ပုလောမြို့နယ်တွင် မြိတ်ခရိုင်တပ်ရင်း (၁) က တပ်စိပ်မှူး ၁ ဦး လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံး

ပုလောမြို့နယ်တွင် မြိတ်ခရိုင်တပ်ရင်း (၁) က တပ်စိပ်မှူး ၁ ဦး လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်းမှ တပ်စိတ်မှူး ၁ ဦးသည် စက်တင် ဘာလ ၁၁ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

ပုလောမြို့နယ်၊ ပိတပ်ရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းစတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်လိုက်သည့် လက် နက်ကြီးကြောင့် မြဒေါင်ကျေးရွာတွင် ရှိနေသည့် PDF မြိတ်ခရိုင်တပ်ရင်း (၁) က တပ်စိပ်မှူး ဇင်ကို လက်နက် ကြီးထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းအပြင် နောက်ထပ် PDF အဖွဲ့ဝင် ၂ ဦးလည်း လက်နက်ကြီးထိမှန်ခဲ့ပြီး၊ PDF ၁ ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်း ထန်ရရှိခဲ့ကြောင်းနှင့် ဇင်ကို သေဆုံးမှုအတွက် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းမှ ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း မှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post