• Follow Us on

Home ပုလောမြို့နယ်အနီးရှိ ပင်လယ်ပြင်တွင် စက်လှေတိမ်းမှောက်ပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူ အများအပြားရှိနေ

ပုလောမြို့နယ်အနီးရှိ ပင်လယ်ပြင်တွင် စက်လှေတိမ်းမှောက်ပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူ အများအပြားရှိနေ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၁

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီးရှိ ပင်လယ်အတွင်း ယမန်‌နေ့ ည ၉ နာရီ အချိန်က ခရီးသည်များလိုက်လာသည့် စက်လှေတစ်စီး တိမ်မှောက်ပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူ အများအပြားရှိနေကြောင်း သိရသည်။

 

လူဦးရေ ၈၀ နီးပါးနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် စက်‌လှေတစ်စီးသည် ပုလောမြို့နယ်၊ ကျောက္ကာ ကျေးရွာမှ မြိတ်မြို့သို့ ထွက်ခွာလာစဉ် တိမ်းမှောက်မှုဖြစ်ပြီး လူသေဆုံးမှုများ ရှိခဲ့ကာ ယနေ့ နံနက်ပိုင်းအထိ ရုပ်လောင်းအများအပြား တွေ့ရှိပြီး ပျောက်ဆုံးသူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 

စက်လှေတိမ်းမှောက်ရာ နေရာတဝိုက်အား ပရဟိတအဖွဲ့တစ်ဖွဲ့များနှင့် ဒေသခံများက လိုက်လံရှာဖွေနေ လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post