ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာသို့ PDF မှ ၄၀ မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူကြီး ၃ ဦး ဒဏ်ရာရရှိ
PUBLISHED - August 12, 2024
နေပြည်တော်၊ သြဂုတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ၄၀ မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူကြီး ၃ ဦး ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ၄၀ မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ကျေးရွာနေသူများဖြစ်ကြသည့် ဦးလွင်အေး(၆၄)နှစ်၊ ဒေါ်ကြူ (၆၁)နှစ်နှင့် ဒေါ်လှမြင့်(၇၃)နှစ်တို့တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မြိတ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ပုလောမြို့နယ် PDF ပူးပေါင်းအဖွဲ့က ဩဂုတ်လ ၈ ရက်နေ့တွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာရှိ လုံခြုံရေးတပ်ဖွဲ့များ၏ အထိုင်ချစခန်းအား ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဒရုန်းဗုံးသီးများဖြင့်လည်း (၁၀) ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia