• Follow Us on

Home ပုလောမြို့နယ် ကျောက္ကာကျေးရွာတွင် စက်လှေတစ်စီး နစ်မြုပ်ပြီး လူ (၈၀) ခန့် ပျောက်ဆုံးနေ၊ သီတင်းကျွတ်ပိတ်ရက် ပြန်သည့် ကျောင်းသူ၊ ကျောင်းသားများ ပါဝင်နေ

ပုလောမြို့နယ် ကျောက္ကာကျေးရွာတွင် စက်လှေတစ်စီး နစ်မြုပ်ပြီး လူ (၈၀) ခန့် ပျောက်ဆုံးနေ၊ သီတင်းကျွတ်ပိတ်ရက် ပြန်သည့် ကျောင်းသူ၊ ကျောင်းသားများ ပါဝင်နေ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၁

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ကျောက်က္ကာချောင်းဝတွင် စက်လှေတစ်စီး နစ်မြုပ်ပြီး လူ (၈၀)ခန့် ပျောက်ဆုံးနေကြောင်း သိရသည်။

 

အောက်တိုဘာ ၂၀ ရက်နေ့ ည ၉ နာရီခန့်တွင် ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် စက်လှေတစ်စီး သည် ကျောက္ကာရွာအထွက် ကျောက္ကာချောင်းဝတွင် ပင်လယ်ပြင်တွင် နစ်မြှုပ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

 

အဆိုပါ နစ်မြုပ်သွားသည့် စက်လှေသည် ကင်းမွန်ငါးဖမ်းသည့် မီးထွန်းလှေဖြစ်ပြီး ပလမြို့နှင့် အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်များ အပါအဝင် သီတင်းကျွတ် ပြန်သည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဒေသခံပြည်သူ (၁၀၀)ကျော် လိုက်ပါလာသည့် စက်လှေဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် စက်လှေပေါ်တွင် လိုက်ပါလာသည့် ပြည်သူများအနက် အလောင်း (၂၀)ခန့်ကို ရှာဖွေ တွေ့ရှိထားပြီး ပြန်တွေ့သည့် အလောင်းများတွင် ကလေးငယ်များ ပါဝင်နေကြောင်းနှင့် (၄)ဦးခန့်ကို အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

လက်ရှိအချိန်တွင် လူမှုကယ်ဆယ်ရေး အသင်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

 

#PeopleMedia


Share this post