ပုလောမြို့နယ် မလိကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူ (၃၉၂) ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်

PUBLISHED - January 17, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၇
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မလိကျွန်း၊ တိုက်နယ်ဆေးရုံတွင်အခြေပြု၍ မလိကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူ ၃၉၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၇၁ ဦး၊ ခွဲစိတ်ရောဂါ ၂၀ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၀ ဦး၊ ကလေးရောဂါ ၂၅ ဦး၊ အရိုးရောဂါ ၄၅ ဦး၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ ၂၀ ဦး၊ မျက်စိရောဂါ ၉၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၆ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
၎င်းတို့အနက် ဓာတ်မှန်ရိုက်လူနာ ၄ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေး အဖွဲ့များ လိုက်ပါလာခဲ့ကြောင်း သိရသည်။
#PeopleMedia