• Follow Us on

Home ပုလဲမြို့ကို တပ်မတော်မှ စစ်ကူများရောက်ရှိပြီး နယ်မြေရှင်းလင်းနေ၊ စစ်သွေးကြွ ပုလဲနဂါးအဖွဲ့ အကျအဆုံးများပြီး ပြန်ဆုတ်သွား

ပုလဲမြို့ကို တပ်မတော်မှ စစ်ကူများရောက်ရှိပြီး နယ်မြေရှင်းလင်းနေ၊ စစ်သွေးကြွ ပုလဲနဂါးအဖွဲ့ အကျအဆုံးများပြီး ပြန်ဆုတ်သွား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့တွင် တပ်မတော်မှ စစ်ကူစစ်ကြောင်းများ ရောက်ရှိကာ နယ်မြေရှင်းလင်း နေသဖြင့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့ အကျအဆုံးများပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။

 

ယနေ့ နိုဝင်ဘာလ (၁၄)ရက် နံနက်ပိုင်းမှ စတင်ကာ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် ပုလဲမြို့ စုပေါင်းရုံးကို တိုက်ခိုက်နေသည့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့သည် အထိအခိုက်အကျအဆုံးများစွာဖြင့် ပြန်ဆုတ်သွားသည်။

 

ယင်းနောက် နံနက် (၁၀)နာရီခန့်တွင် တပ်မတော်မှ စစ်ကူစစ်ကြောင်းများ ရောက်ရှိလာပြီး ပုလဲမြို့ကို နယ်မြေရှင်းလင်းနေခြင်းကြောင့် စစ်သွေးကြွ ပုလဲနဂါးနှင့်အဖွဲ့သည် ပုလဲဆေးရုံအနီး ရွှေဥဒေါင်းရပ်ကွက်တွင် သေဆုံးသွားသည့် စစ်သွေးကြွ အလောင်းများကိုတင်ကာ နေအိမ်များကို မီးရှို့ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် တပ်မတော်မှ နယ်မြေရှင်းလင်းနေခြင်းကြောင့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့သည် ပုလဲမြို့မှ ပြန်ဆုတ်ကာ အနောက်ဘက်ရှိ မြကုန်းကျေးရွာတွင် စုဝေးနေကြကြောင်း သိရသည်။

 

#PeopleMedia


Share this post