ပုလဲမြို့တွင် ဗိုလ်နဂါးအဖွဲ့၏ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိ
PUBLISHED - February 20, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာအနီးတွင် ဗိုလ်နဂါးအဖွဲ့၏ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၁၁ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့မှ ပုလဲမြို့ရှိ ကျေးရွာတစ်ချို့ကို နယ်မြေရှင်း လင်းရေးဆောင်ရွက်နေစဉ် မြကုန်းကျေးရွာအနီးတွင် ဗိုလ်နဂါးအဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရ သည်။
ထိုအပြန်အလှန်ပစ်ခတ်ရာတွင် BNRA (တံဆိပ်ပါ)ယူနီဖောင်း ၁၂ စုံ၊ ပွိင့်-၂၂ ကျည်ဆံ ၅၀ တောင့်၊ ပွိင့်-၂၂ ကျည်အိမ် ၂ ခု၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ အီနာဂါ ၁၃ လုံး နှင့်အတူ မှန်ပြောင်း ၁ လက်တို့ကို သိမ်းဆည်းရ ရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia