• Follow Us on
Latest News

Home ပုလဲမြို့တွင် လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရ

ပုလဲမြို့တွင် လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇူလိုင် ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၉ ရက် နံနက် ၈ နာရီအချိန်တွင် PDF များမှ ပုလဲမြို့သို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် မြောက်ပိုင်းရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲရာ ထိုရပ်ကွက်တွင် နေထိုင်သည့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုဒဏ်ရာရရှိသူများမှာ အသက် (၄၃) နှစ်အရွယ် ဒေါ်ယဉ် ထွေးမွန်၊ အသက်(၄၉) နှစ်အရွယ် ဦးကိုကိုလေး နှင့် အသက်(၆၆) နှစ်အရွယ် ဒေါ်မှဲကြည်တို့မှာ မိုင်းစထိမှန်၍ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post