• Follow Us on

Home ပုလဲမြို့နယ်တနယ်ရွာ PDF ဒုခေါင်းဆောင်သတ်ဖြတ်ခံရ

ပုလဲမြို့နယ်တနယ်ရွာ PDF ဒုခေါင်းဆောင်သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ တနယ်ရွာ PDF ဒုခေါင်းဆောင် ကိုသက်ဆိုသူ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ အချိန်ခန့်တွင် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

 

ပုလဲမြို့နယ်၊ တနယ်ရွာအရှေ့ဘက်တွင် တနယ်ရွာ PDF ဒုခေါင်းဆောင်(တိုက်နယ် PFD အဖွဲ့ဝင်) ကိုသက် အား လက်နက်ကိုင်များက ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကိုသက်တွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာ (၂)ချက်၊ ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာ (၁)ချက်နှင့် ဝမ်းဗိုက်နှင့် လက်မောင်းအား ဓါးဖြင့် ထိုးသွင်း လှီးဖြတ်သွား သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ PDF ကို မည်သည့်အဖွဲ့က သတ်ဖြတ်သွားသည်ကို မသိပါ။

 

#PeopleMedia


Share this post