• Follow Us on

Home ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပြည်သူ့စစ်ကျေးရွာကို PDF တွေ ဝင်တိုက်၊ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပြန်လည် ပစ်ခတ်မှုကြောင့် PDF (၂) ဦး သေဆုံး

ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပြည်သူ့စစ်ကျေးရွာကို PDF တွေ ဝင်တိုက်၊ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပြန်လည် ပစ်ခတ်မှုကြောင့် PDF (၂) ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇွန် ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပြည်သူ့စစ်ကျေးရွာကို PDF အဖွဲ့ဝင်များမှ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်များ ဒဏ်ရာများဖြင့် ပြန်လည် ဆုတ်ခွါထွက်ပြေးသွားကာ PDF (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဇွန်လ (၁၀)ရက် ညနေ (၆)နာရီခန့်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပြည်သူ့စစ်ကျေးရွာကို PDF အဖွဲ့ဝင်များမှ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များမှ ပြန်လည်ခုခံ ပစ်ခတ်ခဲ့သည်။

 

ယင်းနောက်တွင် လုံခြုံရေးအဖွဲ့ဝင်များမှ လေကြောင်းပစ်ကူ ရယူကာ ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် ည (၈)နာရီ အချိန်ခန့်တွင် PDF အဖွဲ့ဝင်များသည် ဒဏ်ရာအများအပြား ရရှိကာ ပြန်လည်ဆုတ်ခွါထွက်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲတွင် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင် (၂)ဦး သေဆုံးသွားကာ ၎င်းတို့ ကိုင်ဆောင်လာသည့် KIA ထုတ် ‌မောင်းပြန်သေနတ် (၂)လက်၊ ကျည်အိမ် (၃)ခု၊ ကျည် (၁၀၀)ကျော်၊ RPG ဗုံးသီး (၁)လုံး၊ လက်ပစ်ဗုံး (၂)လုံး၊ စကားပြောစက် (၂)လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post