• Follow Us on

Home ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာအား PDF အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး

ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာအား PDF အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအား PDF အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

 

ဩဂုတ်လ (၆) ရက် ည (၉) နာရီ (၂၀) မိနစ်အချိန်က ဇီးဖြူကုန်းကျေးရွာအား PDF အဖွဲ့ဝင်များက လက်လုပ် စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်း လက်လုပ်စိန်ပြောင်းကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် ကျေးရွာတွင် နေထိုင်သည့် ဒေါ်ခင်နှင်းအေး (၅၁) နှစ်နှင့် ဒေါ်မိုးမိုး (၄၃) နှစ်တို့တွင် လက်လုပ်စိန်ပြောင်းဗုံးသီးစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post