ပုလဲမြို့ရှိ စုပေါင်းရုံးကို စစ်သွေးကြွတွေ အလုံးအရင်းဖြင့် ဝင်တိုက်နေ၊ လက်နက်ချရန် အနီးကပ်အော်နေဟုဆို
PUBLISHED - November 13, 2024
နေပြည်တော်၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ရှိ စုပေါင်းရုံးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေပြီး လက်နက်ချရန်လည်း အနီးကပ် အော်နေကြောင်း သိရသည်။
စစ်သွေးကြွများအနေဖြင့် ပုလဲမြို့ကို အင်အား အများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ထွေအုပ်ရုံးဝန်းထဲရှိ မြေစာရင်းရုံးအတွင်းထိပါ ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပိတ်မိနေသည့် နိုင်ငံ့ဝန်ထမ်းများကို ကယ်တင်ပေးရန် တပ်မတော်မှ စစ်သွေးကြွများကို လေကြောင်းဖြင့် ရှင်းလင်းပေးရန်နှင့် ခဲယမ်းနှင့် စစ်ကူများ အမြန်ဆုံး ပို့ဆောင်ပေးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တောင်းဆိုနေကြသည်။
#PeopleMedia