ပုသိမ်မြို့နယ်၌ တစ်သောင်းတန်ငွေစက္ကူအတုများ၊ ငွေအတုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် တရား ခံများအား ဖမ်းဆီးရမိ

PUBLISHED - February 4, 2022
ပုသိမ်၊ ဖေဖော်ဝါရီ ၄ (People Media)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ တစ်သောင်းတန် ငွေစက္ကူအတုများ၊ ငွေအတုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် တရားခံများ ဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပုသိမ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများသည် ပုသိမ်မြို့အတွင်း ဆိုင်ကယ်များ ခိုးယူ တတ်သော မသင်္ကာသူ သူရအောင်အား ပုသိမ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ နေထိုင်ကြောင်း သတင်းအရ ပု သိမ်နယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များအပါအဝင် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးရာ သူရ အောင် ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ ၎င်းကိုင်ဆောင်သော အညိုရောင်ခေါက်ပိုက်ဆံအိတ်အတွင်းမှ နံပါတ်တူ တစ်သောင်းကျပ်တန်ငွေစက္ကူ အတုဟုယူဆရသော ငွေစက္ကူ (၃) ရွက်၊ ခိုးရာပါဆိုင်ကယ်များ ဝယ်ယူတတ်သူ သုဝစိုး ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သူ ၎င်းကိုင်ဆောင်သော အနက်ရောင်ပိုက်ဆံအိတ်အတွင်းမှ နံပါတ်တူ တစ်သောင်းကျပ်တန် ငွေစက္ကူအတုဟုယူဆရသော ငွေစက္ကူများ သိမ်းဆည်းရရှိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ ထွက်ဆိုချက်အရ ၎င်းထံတွင်ရှိသော ငွေစက္ကူများမှာ ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မြတ်လေးလမ်း၊ အိမ်အမှတ်-၁၆(ဂ)နေ ညဏ်ထွန်းဝင်းထံမှရရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သွားရောက် ရှာဖွေစစ်ဆေးရာ နေအိမ်ဒုတိယထပ် အိပ်ခန်းအတွင်းတွင် ညဏ်ထွန်းဝင်းနှင့် လှိုင်မင်းအောင် ပုသိမ်မြို့နေသူ တို့နှစ်ဦးအား တွေ့ရှိရပြီး အခန်းအတွင်း ဆက်လက်ရှာဖွေစစ်ဆေးရာ ငွေစက္ကူအတုဟုယူဆရသော ငွေစက္ကူ အတုများနှင့် ငွေစက္ကူအတုများပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား တွေ့ရှိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရအရေးယူနိုင်ရန်တရားလိုပြုလုပ်တိုင်ကြားသဖြင့် ပုသိမ်နယ်မြေရဲစခန်းမှ (ပ)၁၆/၂၀၂၂ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့ဖြင့်အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက် လျှက်ရှိသည်။
#PeopleMedia #ပုသိမ်မြို့
(unicode)
………………………………………………………………