ပုသိမ်မြို့နယ်၌ တာဝန်ထမ်းဆောင်နေစဉ် ယာဉ်ထိန်းရဲနှစ်ဦးသည် PDF တို့၏ လက်ချက်ဖြင့် သေဆုံး

PUBLISHED - October 29, 2021
ပုသိမ်၊ အောက်တိုဘာ ၂၉ (People Media)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ယာဉ်ထိန်းတာဝန်ထမ်းဆောင်နေစဉ် ယာဉ်ထိန်းရဲနှစ်ဦးသည် PDF တို့၏ လက်ချက်ဖြင့် မနေ့က သေဆုံးသွားပါတယ်။
ဖြစ်စဉ်မှာ မနေ့က မွန်းလွဲပိုင်းအချိန်က ပုသိမ်မြို့၊ မြကျွန်းသာမီးပွိုင့်ယာဉ်ထိန်းရဲရုံးအတွင်း၌ ယာဉ်ထိန်းရဲ နှစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ် PDF အဖွဲ့မှ သေနတ်ဖြင့် ဝင်ရောက်လုပ်ကြံမှုကြောင့် ယာဉ်ထိန်း တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။
သေဆုံးသွားသည့် ယာဉ်ထိန်းရဲနှစ်ဦးသည် တပ်ကြပ်ကြီးဇော်မင်းထက်(ခ)မိုးညိုနှင့် တပ်ကြပ်ကြီး မြတ်မင်း စိုးတို့ဖြစ်ကြောင်း သိရပါတယ်။
PDF လက်ချက်ကြောင့် သေဆုံးသွားသည့် တပ်ကြပ်ကြီးဇော်မင်းထက်(ခ)မိုးညိုသည် ၎င်း၌ သားသမီး နှစ်ဦး ရှိကြောင်း သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၌ ယာဉ်ထိန်းတာဝန်ထမ်းဆောင်နေစဉ် တပ်ဖွဲ့ဝင် အချို့သည် သေနတ်ဖြင့် ချောင်းမြောင်းလုပ်ကြံခြင်းခံခဲ့ရပါတယ်။
Photo – သေဆုံးသွားသည်တပ်ကြပ်ကြီးဇော်မင်းထက်
#PeopleMedia ယာဉ်ထိန်းရဲ #ပုသိမ်
(unicode)
…………………………………………………………