ပုသိမ်ကြီးမြို့နယ်ရှိ အထက်တန်းကျောင်းရှိ ကျောင်းသုံးစာအုပ်များ မီးရှို့ဖျက်ဆီးခံရ

PUBLISHED - February 3, 2022
မန္တလေး၊ ဖေဖော်ဝါရီ ၃ (People Media)
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ၊ အထက်တန်းကျောင်းရှိ ကျောင်းသုံးပုံနှိပ် စာအုပ်များသည် ယနေ့နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းက လက်ကောင်းကျေးရွာ၊ အထက်တန်းကျောင်း၊ အကယ်ဒမီရွှေစင်ကျောင်းဆောင် အောက်ထပ်အခန်းရှိ ကျောင်းသုံးပုံနှိပ်စာအုပ်များ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။
“စုပုံပြီး မီးရှို့သွားတာ။ လူတော့ မသိဘူး။ ရည်ရွယ်ချက် တော်တော်ဆိုးပါတယ်။” လို့ ဒေသခံတစ်ဦးက ပြော ဆိုသည်။
အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ စာသင်ကျောင်းဆောင်များ မိုင်းခွဲဖျက်ဆီးခံရခြင်း၊ မိုင်းထောင်ဖျက် ဆီးခြင်း၊ ကျောင်းသားမိဘများလုပ်ကြံခံရခြင်း၊ ပညာရေးဝန်ထမ်းများ သတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်လျက်ရှိ သည်။
Photo – MFP
#PeopleMedia #ပုသိမ်ကြီးမြို့နယ် #ပညာရေး
(unicode)
…………………………………………………………
မန်တလေး၊ ဖဖေောျဝါရီ ၃ (People Media)
Photo – MFP