ပုသိမ်ကြီးမြို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

PUBLISHED - October 25, 2021
ရန်ကုန်၊ အောက်တိုဘာ ၂၅ (People Media)
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ မြောက်တံတိုင်းရှည်ရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ယနေ့ နံနက်ပိုင်းအချိန်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ၍ သေဆုံးသွားသည်။
ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ်၊ မြောက်တံတိုင်းရှည်ရွာရှိ အသက် ၆၀ အရွယ်ခန့်ရှိ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်သည် ယနေ့ နံနက်ပိုင်းအချိန်က လက်ဖက်ရည်ဆိုင်မှအပြန် လမ်းခရီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။
အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကို အမည်မသိ အမျိုးသားငါးဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက်စေ့၊ ဝမ်းဗိုက်တို့တွင် သေနတ်ထိမှန်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်းကျေးရွာအုပ်ချုပ်ရေးမှူးကို မည်သည့်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်သည်ကိုမူ မသိရှိရသေးပေ။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခံ ရမှုများဖြစ်ပွားလျက်ရှိသည်။
#PeopleMedia #မန္တလေး #ပုသိမ်ကြီး #အုပ်ချုပ်ရေးမှူး
(unicode)
ပုသိမျကွီးမွို့၌ ကြေးရှာအုပျခြုပျရေးမှူးတဈဦး သနေတျဖွင့ျ ပဈခတျသတျဖွတျခံရ
…………………………………………………………
#PeopleMedia #မန်တလေး #ပုသိမျကွီး #အုပျခြုပျရေးမှူး