• Follow Us on

Home ပုသိမ်ကြီးမြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

ပုသိမ်ကြီးမြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့၊ ရေထွက်ကျေးရွာအနီးရှိ ဆည်တော်ကြီး မြောင်းဘောင်ပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၆ ရက် ည ၁၀ နာရီကျော်တွင် ရန်ကင်းသာယာရပ်ကွက်တွင်နေသည့် အမျိုးသားမှာ မော် တော်ဆိုင်ကယ်ဖြင့် ရေထွက်ကျေးရွာဘက်ရှိ ဆည်တော်ကြီးမြောင်းဘောင်အတိုင်း မောင်းနှင်သွားစဉ် PDF များမှ ထိုအမျိုးသားကို ဆည်တော်ကြီးမြောင်းဘောင်ပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရသည့် အသက် (၅၂) နှစ်အရွယ် ဦးစောထွန်း၏ ဘယ်ဘက်နားထင်တွင်ကျည်ဖောက်ဝင်ရာ ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post