• Follow Us on

Home ပုသိမ်ကြီးမြို့နယ်တွင် ကျပ် ၁၉၁၉ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပုသိမ်ကြီးမြို့နယ်တွင် ကျပ် ၁၉၁၉ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၀

 

မန္တ‌လေးတိုင်း‌ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁,၉၁၉ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

အောက်တိုဘာလ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ မြောက်တံတိုင်းရှည်ကျေးရွာနေ သူရမင်း(ခ)မင်းမင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ မစုပုံချစ်၊ စံလင်း တို့နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၉၅,၉၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၉၁၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စံလင်း(၂၇)နှစ်၊ မစုပုံချစ် နှင့် သူရမင်း(ခ)မင်းမင်းတို့အား အုန်းချောနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post