• Follow Us on
Latest News

Home ပုသိမ်နှင့် တောင်သာတို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံပွဲပြုလုပ်

ပုသိမ်နှင့် တောင်သာတို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံပွဲပြုလုပ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ယမန်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်း နားလမ်း ရှုခင်းသာရင်ပြင်၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ မြို့နယ်အားကစားကွင်း၌ လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြသည်။

 

ချီတက်ရာလမ်းတစ်လျှောက်တွင် ဒေသခံမျိုးချစ်ပြည်သူများက ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့် ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံ သားတိုင်းတွင် တာဝန် ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော် ကိုကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်ကိုပြည်တွင်း/ ပြည်ပအန္တရာယ်များက ကာကွယ်ဖို့  စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည် စသည့် ကြွေးကြော်သံ များကို သံပြိုင် ကြွေးကြော်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆို ထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ဟောပြောခဲ့ပြီး ကြိုဆိုထောက်ခံပွဲကို အောင်မြင်စွာ ရုတ်သိမ်း ခဲ့ကြသည်။

 

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

#PeopleMedia


Share this post