• Follow Us on
Latest News

Home ပုသိမ်မြို့တွင် ငွေစက္ကူအတုများ လိုက်လံရောင်းချသူ အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ

ပုသိမ်မြို့တွင် ငွေစက္ကူအတုများ လိုက်လံရောင်းချသူ အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ရေပေါ်ဈေးအနီးတွင် ငွေစက္ကူအတုများ လိုက်လံရောင်းချသူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရရှိကြောင်း သိရသည်။

 

ဇူလိုင်လ ၁၁ ရက်နေ့တွင် ငွေစက္ကူအတုများအား လိုက်လံရောင်းချသူအမျိုးဦးမှာ တစ်သောင်းတန် ငွေစက္ကူ အတုကို ကျပ်ငွေ ဆယ်သိန်းလျှင် ငွေအစစ် တစ်သိန်းဖြင့် ရောင်းချသည့် အမျိုးသားနှစ်ဦးကို ရေပေါ်ဈေး အနီးတွင် ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၎င်းတို့နှင့် စပ်ဆက်သူများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ထိုဖမ်းဆီးရမိသည့် အမျိုးသားနှစ်ဦးစီမှ တစ်သောင်းတန်ငွေစက္ကူအတု ၉၄၇ ရွက်၊ ငါးထောင်တန်အတု ၁၀၇ ရွက်နှင့် ဖုန်းတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post