ပုသိမ်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ဆေးကုသရေးအဖွဲ့များမှ သံဃာတော်များ၊ သီလရှင်များနှင့် ဒေသခံများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

PUBLISHED - August 24, 2023
နေပြည်တော်၊ ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာဝိပဿနကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ယမန်နေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ဆီးချိုသွေးချို ရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၀)၊ နောင်ခမ်းကြီးကျေးရွာ၊ စမတောင် ကျောင်းတိုက်ရှိ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယမန်နေ့နံ နက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာ နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာတော် ၃၈ ပါး၊သာသနာနွယ်ဝင်သီလရှင် ၂ ပါးနှင့်ဒေသခံပြည်သူ ၉၈ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ပေးကာ ဆေးရုံတက် ရောက်ကုသရန်လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
#PeopleMedia