• Follow Us on

Home ပုသိမ်လေယာဉ်ကွင်းကိုအဆင့်မြှင့်တင်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်း သက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေးစီမံလျက်ရှိဟု နစကဥက္ကဋ္ဌ ပြောကြား

ပုသိမ်လေယာဉ်ကွင်းကိုအဆင့်မြှင့်တင်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်း သက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေးစီမံလျက်ရှိဟု နစကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၁၂

 

ပုသိမ်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်း သက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖများအား အစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာ၌ တွေ့ဆုံစဉ် ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထွက်နှုန်းတိုးတက်ရေးအတွက် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို ပြည့်ဝစွာထည့်သွင်းရမည်ဖြစ်သကဲ့သို့ မြေအရည်အသွေး ကောင်းမွန်ရေးအတွက်လည်း ဒေသတွင်း၌ ရှိပြီးဖြစ်သည့် မျိုးရင်းများ မပျောက်ကွယ်စေရေးနှင့် အရည် အသွေးကျဆင်းမှုမရှိစေရေး သုတေသနပြုလုပ်ငန်းများ အမြဲမပြတ် ဆောင်ရွက်နေရန်လည်းလိုကြောင်း၊ ယနေ့ခေတ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သဖြင့် အစိုးရက ဆောင်ရွက်မှုများသည်သာမက ဒေသအလိုက် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်ဦးချင်း ကြိုးစားအားထုတ်ရန်လိုကြောင်း၊ အစိုးရအနေဖြင့် မူဝါဒပိုင်းဆိုင်ရာများကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

 

မိမိတို့နိုင်ငံ၌ လယ်ယာစိုက်ပျိုးမှုများသည် အကွက်ငယ်များဖြင့် စိုက်ပျိုးကြသဖြင့် အနည်းဆုံးဧကကွက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စက်မှုလယ်ယာစနစ်ကို အကောင် အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့ အထွက်နှုန်းများသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မြေများကို စနစ်တကျပြုပြင်၍ ကောက်ကွက်များ ပြည့်မီအောင် စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းများ ကောင်းလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်းမွန်ရမည်၊ မြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရမည်၊ စိုက်ပျိုး ရေ၊ အောင်ရေလုံလောက်စွာ ရရှိနိုင်ရမည်၊ စိုက်နည်းစနစ်များ မှန်ကန်ရမည်ဖြစ်ကြောင်း၊ အထက်ပါ အချက် လေးချက်ဖြင့် ပြည့်စုံပါက စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လမ်းပန်းဆက်သွယ်မှုနှင့် ပတ်သက်၍ ပုသိမ်-ရန်ကုန် ဖြတ်သန်း သွားလာမှုသည် နေ့စဉ် ယာဉ်အစီးပေါင်းများစွာ ဖြတ်သန်းသွားလာလျက်ရှိကြောင်း၊ နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက်များတွင် နေ့စဉ်ယာဉ်အစီးရေ သွားလာမှုအပေါ်မူတည်၍ လမ်းများကို အဆင့်မြှင့်တင်ရ သည်ဖြစ်သဖြင့် အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပုသိမ်လေယာဉ်ကွင်းကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ် ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်း ဆောင် ရွက်ရန်အတွက်လည်း သဘာဝအလှအပများ၊ ဒေသထွက်အစားအသောက်များနှင့် အခြားအခြေခံကောင်းများ စွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း ပြောသည်။

 

ပုသိမ်မြို့၏ လူနေမှုစနစ်မြှင့်တင်နိုင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျဖြစ်အောင် တာ ဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဒေသခံများကလည်း စည်းကမ်းစနစ်တကျအတိုင်း လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံအတွက် အားထားရသည့် တိုင်း ဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးတွင် စံနမူနာပြတိုင်းဒေသကြီးအဖြစ် ဖော်ဆောင်ကြရန်လိုကြောင်း၊ နိုင်ငံ တော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia


Share this post