• Follow Us on

Home ပုသိမ်- ကံကုန်း ပြေးဆွဲနေသည့် သုံးဘီးယာဉ်များကို ဖမ်းဆီးနေခြင်းကြောင့် ကျောင်းသူကျောင်းသားများနှင့် အလုပ်သမားများ သွားလာရေး အခက်တွေ့နေ

ပုသိမ်- ကံကုန်း ပြေးဆွဲနေသည့် သုံးဘီးယာဉ်များကို ဖမ်းဆီးနေခြင်းကြောင့် ကျောင်းသူကျောင်းသားများနှင့် အလုပ်သမားများ သွားလာရေး အခက်တွေ့နေ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်- ကံကုန်း ပြေးဆွဲနေသည့် သုံးဘီးယာဉ် (တုတ်တုတ်) များကို ဖမ်းဆီးနေခြင်း ကြောင့် ကျောင်းသူ ကျောင်းသားများနှင့် အလုပ်သမားများ သွားလာရေး အခက်တွေ့နေကြောင်း သိရသည်။

 

ပုသိမ်- ကံကုန်း ပြေးဆွဲနေသည့် သုံးဘီးယာဉ်လိုင်းများကို ဩဂုတ်လ (၂၄)ရက်မှ စတင်ကာ လိုင်းပိတ်သိမ်းခဲ့ကြောင်း မော်တော်ပီကယ်နှင့် မစက များမှ ပြောပြီး လိုင်းဆွဲနေသည့် သုံးဘီးယာဉ်များကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဂိတ်ပိုင်များမှလည်း တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

“(၂၄)ရက်နေ့ကနေပြီး ဘာမှလည်း ကြိုတင်အကြောင်းမကြားဘဲ ပိတ်လိုက်တာ။ ပိတ်ပြီးတော့ အကုန်ဖမ်းတယ်။ နေပြည်တော်က စာကျတယ်ဆိုပြီး ဖမ်းတာ။ တစ်မှုကို သုံးသောင်းတောင်းတယ်။ အချို့လူတွေဆို မထွက်ရဲတော့ဘူး။ စားဝတ်နေရေး အဆင်မပြေတဲ့ နှစ်စီး သုံးစီးလောက်ပဲ ထွက်တယ်။ ပြီးတော့ တုတ်တုတ် ဂိတ်ပိုင်တွေလည်းရှိတယ်။ ဂိတ်ပိုင်ဆိုရင် တစ်လကို တစ်သောင်းခွဲပေးပြီး မြို့ထဲမှာ ဂိတ်ထိုးရတယ်။ သူတို့က အခုလိုမျိုးဖြစ်တော့ ဘာမှ တာဝန်မယူဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ပုသိမ်နှင့် ကံကုန်းကို ပြေးဆွဲနေသည့် သုံးဘီးယာဉ်လိုင်းများမှာ အောင်မင်္ဂလာ၊ လင်းလက်နှင့် မြို့မလိုင်းတို့ ဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ သုံးဘီးယာဉ်လိုင်းများကို ဖမ်းဆီးနေခြင်းကြောင့် ကံကုန်းမှ ပုသိမ်သို့ သွားရောက်ကျောင်းတက်ရသည့် ကျောင်းသူကျောင်းသားများနှင့် အလုပ်သမားများ အဆင်မပြေဖြစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

 

“ကျောင်းသားတွေက ကျောင်းတက်ရတာ အဆင်မပြေ ဖြစ်နေတယ်။ ကျူရှင်ဆိုလည်း မတက်ရဘူး။ ကျောင်းကနေ အချိန်ပို ခေါ်တယ်ဆိုရင်လည်း သူတို့ မတက်ရဘူး။ စောစောသွားပြီး စောစောပြန်နေရတယ်။ ပြီးတော့ ဈေးသူဈေးသားတွေ ပုသိမ်မြို့ပေါ်ကို အလုပ်သွားလုပ်နေတဲ့သူတွေ ဆိုရင်လည်း စက်ဘီးတွေနဲ့ သွားရတယ်။ ကုန်းကြောင်းတွေနဲ့ သွားရတယ်ပေါ့နော်။ ပုသိမ်နဲ့ ကံကုန်းဆိုရင် (၉)မိုင်ခွဲလောက် ဝေးတယ်။ အဓိကတော့ ကျောင်းသူကျောင်းသားတွေပေါ့။ သွားရေးလာရေးလည်း လုံးဝအဆင်မပြေတော့ပါဘူး” ဟု ဒေသခံများက ပြောသည်။

 

#PeopleMedia


Share this post