• Follow Us on

Home ပုသိမ်-ရန်ကုန်ကားလမ်းမကြီးတွင် ကုန်တင်ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားရာက လူ ၃ ဦး သေဆုံး

ပုသိမ်-ရန်ကုန်ကားလမ်းမကြီးတွင် ကုန်တင်ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားရာက လူ ၃ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဩဂုတ် ၂၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ပုသိမ်-ရန်ကုန်ကားလမ်းမကြီးတွင် ဩဂုတ်လ ၂၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်က ကုန်တင်ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားရာက လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ လေးလွန်းပင်ကျေးရွာ၊ လေးလွန်းပင်ကွေ့၊ ပုသိမ်-ရန်ကုန်ကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၈/၂)နှင့်(၃၈/၃)ကြားတွင် သစ်များတင်ဆောင်လာသည့် Nissan ကုန်တင်ယာဉ်(၁)စီး အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းနှင့် ဆားမ လောက်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး(သေဆုံး)တို့အား မျိုးဆက်သစ်လူမှုကူညီရေးအသင်းယာဉ်နှင့် ကြက်ခြေနီအသင်းမှယာဉ်တို့ဖြင့် ချောင်းကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post