ပုလောမြို့၌ မူးယစ်ဆေးကြောင်နေသည့် ဦးလေးဖြစ်သူက တူအရင်းဖြစ်သူ အသက် ၇ နှစ်အရွယ်ကို ခေါင်း ဖြတ် သတ်ဖြတ်

PUBLISHED - November 25, 2021
တနင်္သာရီ၊ နိုဝင်ဘာ ၂၅ (People Media)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဆယ်အိမ်စုလမ်း၌ မူးယစ်ဆေးကြောင် နေသည့် ဦးလေးဖြစ်သူက တူအရင်းဖြစ်သူ အသက် ၇ နှစ်အရွယ်ရှိသူကို ခေါင်းဖြတ်သတ်ဖြတ်သည့် ဖြစ်စဉ် နိုဝင်ဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါအသတ်ခံရသည့် ကလေးငယ်သည် အသက် (၇) နှစ်သာရှိပြီး ဦးလေးဖြစ်သူမှာ မူးယစ်ဆေးဆွဲနေသူ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“အိမ်ဘေးနားက မြတ်ပင်တွေပေါ်မှာ ခေါင်းတခြား၊ ကိုယ်တခြား။ အဲ့အလောင်းကို အဖွားဖြစ်သူက တွေ့ သွားတာ။ အဲ့အိမ်မှာက မိသားစုဝင် ၅ ယောက်ရှိတယ်” လို့ ပုလောမြို့ဒေသခံတစ်ဦးမှ သိရပါတယ်။
ပြစ်မှုကျူးလွန်ခဲ့သည့် ဦးလေးဖြစ်သူကို ပုလောမြို့ ရဲစခန်းမှ ဖမ်းဆီးထားပြီး လက်ရှိအချိန်တွင် အမူစစ် ဆေးထားကြောင်း သိရပါတယ်။
Photo – Credit
#PeopleMedia #ပုလောမြို့
(unicode)
………………………………………………………
Photo – Credit