• Follow Us on
Latest News

Home ပူတင်နဲ့ ဆွေးနွေးဖို့ ရှီကျင့်ဖိန် ရုရှားကိုသွားရောက်လည်ပတ်မည်

ပူတင်နဲ့ ဆွေးနွေးဖို့ ရှီကျင့်ဖိန် ရုရှားကိုသွားရောက်လည်ပတ်မည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂

 

လာမယ့်လတွေအတွင်း ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်သမ္မတရှီကျင့်ဖိန်ဟာ ရုရှားနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ပြင်ဆင်နေတယ်လို့ Wall Street Journal က ရေးသားထားပါတယ်။

 

ရှီကျင့်ဖိန်နဲ့ ပူတင်တို့ရဲ့ဆွေးနွေးပွဲဟာ တစ်နှစ်ကြာလာတဲ့စစ်ပွဲအဆုံးသတ်နိုင်ရေးနဲ့ အဖွဲ့ပေါင်းစုံပါဝင်တဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲကျင်းပနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပိုမိုတက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်တဲ့အနေနဲ့ တရုတ်နိုင်ငံရဲ့ကြိုးပမ်းမှုတွေထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း Wall Street Journal က အင်္ဂါနေ့က ရေးသားထားပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်တွေအသုံးမပြုရေး ထပ်မံတောင်းဆိုဖို့အတွက်လည်း အဲဒီဆွေးနွေးပွဲ မှာ ရှီကျင့်ဖိန်က ပြောဆိုသွားလိမ့်မယ်လို့ ဆိုပါတယ်။

 

ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပေမဲ့ ထွက်ခွာမယ့်အချိန်ကိုတော့ အပြီးသတ်မဆုံးဖြတ်ရသေးဘူး လို့ဆိုပါတယ်။ ရှီကျင့်ဖိန်ဟာ ဧပြီလအတွင်းဖြစ်စေ ဒါမှမဟုတ် ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အောင်ပွဲ ခံခဲ့တဲ့အထိမ်းအမှတ်ကို ရုရှားနိုင်ငံက ကျင်းပလေ့ရှိတဲ့ မေလအစောပိုင်းမှာဖြစ်စေ ရုရှားကို ထွက်ခွာနိုင်တယ် လို့ ဆိုပါတယ်။

 

လက်ရှိ ရုရှားမှာရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယီကတော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလာဗရာ့နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စတင်ခဲ့တဲ့ ယူကရိ်န်းစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးနဲ့ အဖြေရှာဖို့ ဥရောပခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယီက တောင်းဆို ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ယူကရိန်းစစ်ပွဲမဖြစ်ပွားမီ ရက်ပေါင်းများစွာအလို ဘီဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ မစခင်မှာ ရှီကျင့်ဖိန်နဲ့ ပူတင်တို့ လူကိုယ်တိုင်တွေ့ဆုံခဲ့ကြသလို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း အွန်လိုင်းကတစ် ဆင့် တွေ့ဆုံခဲ့ကြပါတယ်။

 

တရုတ်အစိုးရဟာ ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်တာကို ပြစ်တင်ရှုတ်ချခြင်းမရှိသလို အ နောက်အုပ်စုနဲ့ပေါင်းပြီး ရုရှားကို စီးပွားရေးပိတ်ဆို့အရေးယူတာမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ တရုတ်နိုင်ငံက တိုက်တွန်းခဲ့ပါတယ်။

 

Ref: Xi Jinping to visit Moscow for summit with Putin: Report

 

#PeopleMedia

 

(unicode)


………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Xi Jinping to visit Moscow for summit with Putin: Report

 

#PeopleMedia


Share this post