• Follow Us on
Latest News

Home ပူတင်က ကင်ဂျုံအန်အတွက် ရုရှားထုတ် ဇိမ်ခံကားတစ်စီး လက်ဆောင်ပေး

ပူတင်က ကင်ဂျုံအန်အတွက် ရုရှားထုတ် ဇိမ်ခံကားတစ်စီး လက်ဆောင်ပေး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁

 

ရုရှားသမ္မတဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်အတွက် ရုရှားထုတ် အော်ရက်စ် လမဇီး (Aurus limousine) ဇိမ်ခံကားတစ်စီးကို လက်ဆောင်ပေးလိုက်ကြောင်း ရုရှားအစိုးရက အင်္ဂါနေ့ (ဖေ ဖော်ဝါရီလ ၂၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက ကင်ဂျုံအန် ရုရှားနိုင်ငံကို သွားရောက်လည်ပတ်စဉ် ဗလာဒီမာပူတင်က ၎င်းအသုံးပြုနေတဲ့ အော်ရက်စ်လမဇီးအနက်ရောက်ကျည်ကာကားကို ပြသခဲ့ရာ ကင်က သဘောကျခဲ့တယ်လို့ ဆိုပါတယ်။

 

“ရုရှားကိုရောက်တဲ့အချိန် သမ္မတကြီးပူတင်က အဲဒီကားကိုထုတ်ပြတဲ့အချိန်မှာ ကင်က အဲဒီကားကို သဘော ကျခဲ့ပါတယ်။ ဒါ့ကြောင့် ဒီကားကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ မြောက်ကိုရီးယားနိုင်ငံဟာ ကျွန် တော်တို့ရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ကရင်မလင်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီ ထရီပက်စ်ကော့ဗ်က ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲစတင်ကတည်းက ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားအပါအဝင် အီရန်လို အမေရိကန်ပြည်ထောင် စုနဲ့ မတည့်တဲ့နိုင်ငံတွေနဲ့ ဆက်ဆံရေး မြှင့်တင်ခဲ့ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့ ရုရှားနိုင်ငံကို အမြောက်ကျည်တွေနဲ့ ဒုံးကျည်တွေ ထောက်ပံ့နေတယ်လို့ အမေရိကန်ပြည်ထောင်စုက စွပ်စွဲခဲ့ပေမဲ့ ရုရှားနဲ့ မြောက်ကိုရီးယားက အဲဒီစွပ်စွဲချက်တွေ ကို ငြင်းပယ်ခဲ့ပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

 

တောင်ကိုရီးယားအစိုးရကတော့ ဇိမ်ခံကားလက်ဆောင်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောကြားရမှာ ရုရှားနဲ့ မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုတွေကို အနီးကပ်စောင့်ကြည့်လေ့လာနေကြောင်း၊ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို နှစ်နိုင်ငံစလုံးက လိုက်နာဖို့တိုက်တွန်းကြောင်း ပြောဆိုခဲ့ပါတယ်။

 

ရုရှားထုတ် အော်ရက်စ်လမဇီးဇိမ်ခံကားကို ရုရှားဘက်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တင်ပို့လိုက်ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ပြောပါတယ်။

 

အဲဒီကားကို ကင်ဂျုံအန်ကိုယ်စား ၎င်းရဲ့ညီမဖြစ်သူ ကင်ယိုဂျောင်းက လက်ခံရယူပြီး ကင်ကိုယ်စား ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်း KCNA က ပြောပါတယ်။

 

Ref: Putin Gives North Korea’s Kim Jong Un a Russian Limo as a Gift

 

#PeopleMedia


Share this post