ပူတာအိုတွင် သက်ငယ်မုဒိန်းကျင့် သတ်ဖြတ်သည့် တရားခံကို သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို၊ ကျူးလွန်သည့် တရားခံကို ပြည်သူ့စစ်အဖွဲ့ဝင်များမှ ဖမ်းဆီးရမိပြီး ရဲလက်အပ်နှံထား
PUBLISHED - May 13, 2024
နေပြည်တော်၊ မေ ၁၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်တွင် အသက် (၁၅) နှစ်အရွယ် ရဝမ်မိန်းကလေးငယ်အား မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် တရားခံကို သေဒဏ်ပေးရန် ဒေသခံများက ဆန္ဒပြတောင်းဆိုနေကြသည်။
မေလ (၁၀)ရက်က အသက် (၁၅)နှစ်အရွယ် မဂွန်ရိန်ဒူနော်က မိခင်ဖြစ်သူကို မုန့်ညှင်းဆီကြိတ်ရန် ဆီစက်သို့ ကူညီပို့ဆောင်ပေးပြီး အပြန် လူသွားလူလာပြတ်သည့် သက်ငယ်တောတစ်နေရာတွင် မုဒိန်းကျင့် သတ်ဖြတ်ခံ လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရဝမ်မိန်းကလေးငယ်သည် သက်ငယ်မုဒိမ်း အဓမ္မပြုကျင့်ခံခဲ့ရသည်သာမက ညှင်းပမ်းနှိပ်စက်ခြင်း၊ ခြေလက်အင်္ဂါများ ရိုက်ချိုးခံရခြင်းအပြင် လည်ပင်းလှီးကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ မဒူနော်၏ ဈာပနနှင့် စီတန်းလှည့်လည်မှုကို ယနေ့ နံနက် ၁၀ နာရီကစပြီး မြို့ခံ ပြည်သူတွေက အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ကာ အေးချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များကလည်း ဆန္ဒဖော်ထုတ်မှု ဈာပနာကို လုံခြုံရေးရယူ ကူညီပေးခဲ့ကြောင်း သိရသည်။
ယင်းမိန်းကလေးငယ်ကို မုဒိန်းမှုကျူးလွန်သည့် တရားခံသည် မန္တလေးမှ ပူတာအိုမြို့သို့ စတီးသံပန်းအလုပ် လာရောက်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရပြီး မုဒိန်းကျင့်သတ်လိုက်သည့် အမျိုးသမီးငယ်၏ ဖုန်းကို ဖုန်း ဆိုင်တွင် လာရောင်းရာမှ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များလက်သို့ အပ်နှံခဲ့ကြောင်း သိရသည်။
#PeopleMedia