• Follow Us on
Latest News

Home ပူတာအိုမြို့တွင် သားအဖနှစ်ဦး ရန်ဖြစ်စကားများ၍ နှစ်ဦးစလုံးဓာတ်ဆီလောင်းမီးရှို့မူဖြစ်ပွား

ပူတာအိုမြို့တွင် သားအဖနှစ်ဦး ရန်ဖြစ်စကားများ၍ နှစ်ဦးစလုံးဓာတ်ဆီလောင်းမီးရှို့မူဖြစ်ပွား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၂

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်တွင် သားအဖနှစ်ဦး ရန်ဖြစ်စကားများ၍ နှစ်ဦး စလုံးဓာတ်ဆီလောင်းမီးရှို့မူဖြစ်ပွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲချိန်တွင် လုံးစွတ်ရပ်ကွက်တွင် အိမ်ငှားအဖြစ် မိသားစုများနေထိုင်ရင်း သားအဖနှစ်ဦး ရန်ဖြစ်စကားများကြောင်း၊ ထိုသားအဖနှစ်ဦးမှာ အရက်သေစာသောက်စားထားပြီး ၎င်းတို့ငှား ရမ်းနေထိုင်သည့် အခန်းတွင် တံခါးကိုပိတ်၍ သားအဖနှစ်ဦး ရန်ဖြစ်စကားများ၍ တစ်ယောက်ကိုတစ်ယောက် ဓာတ်ဆီလောင်းမီးရှို့ရာ မီးလောင်သွားကြောင်း သိရသည်။

 

ထိုမီးလောင်မူကြောင့် ငှားရမ်းထားသည့် အိမ်မှာပတ်ဝန်းကျင်ရှိပြည်သူများမှ မီးဝိုင်းငြိမ်းသတ်ပေးပြီး အသက် (၆၅) နှစ်အရွယ် ဖခင်ဖြစ်သူ ဦးအောင်ဝင်းမှာ မီးလောင်သည့်ဒဏ်ရာများကြောင့် အခင်းနေရာတွင် သေဆုံးပြီး၊ သားဖြစ်သူ အသက်(၃၂) နှစ်အရွယ် ကိုအောင်ချမ်းမြေ့ဝင်းမှာ ဆေးရုံတွင် ဆေးကုသနေရင်း ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် သေဆုံးသွားကြောင်း၊ ရုပ်အလောင်းများကို ခမ်းတီလုန်လူငယ်ပရဟိတ အသင်းမှ မီးသဂြိုလ်ပေး ခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post