• Follow Us on

Home ပူတာအိုမြို့နယ်အတွင်း ကျရောက်နေသည့် ဂျူးဇီကြိုးပြင်ကာကွယ်တောသတ်မှတ်

ပူတာအိုမြို့နယ်အတွင်း ကျရောက်နေသည့် ဂျူးဇီကြိုးပြင်ကာကွယ်တောသတ်မှတ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၃

 

သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသောလုပ်ပိုင် ခွင့်များကိုကျင့်သုံးလျက် ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာ အိုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၂၀၀၀ ဧကရှိသော နယ်မြေကို ဂျူးဇီ ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်စသည့်ရေအရင်း အမြစ်နှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရန်၊ ဂေဟစနစ်တည်ငြိမ်မှု ရှိစေရန်၊ ဒေသခံပြည်သူများ၏ အခြေ ခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါး စသည့်သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုး ကွဲများ ထိန်းသိမ်းနိုင်ရန်နှင့် ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေ ရန်ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ် တောများကို ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဂျူးဇီကြိုးပြင် ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာ အတွင်း ပေါက်ရောက် လျက်ရှိသော ထောက်ကြံ့၊ ယမနေ၊ ကညင်ဖြူစသည့် အဖိုးတန်သစ်မျိုးများနှင့် သတီ၊ ကြေးလံ၊ စကားဝါ၊ စကားစိမ်း၊ လောက်ယား၊ သစ်အယ် စသည့်သစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ မျိုးသုဉ်းပျောက် ကွယ်နိုင်သည့် အပင်မျိုးစိတ်များနှင့် တောရိုင်းတိရစ္ဆာန်များအား ကာကွယ် နိုင်ခြင်း၊ နေထိုင်ကျက်စားလျက်ရှိသော တောင်ဆိတ်၊ ဝက်ဝံ၊ ဖြူ၊ မျောက်လွှဲ ကျော်(မျက်ခုံးဖြူ)၊ ချေ၊ ဆတ်၊ ပြောင်၊ သင်းခွေချပ်၊ တောဝက်၊ ရှူးပျံစသည့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ တိုးပွားလာနိုင်ခြင်း၊ နန်တဟူချောင်း အတွင်းစီးဝင်သည့် ချောင်းလက်တက်များ၏ ရေဝေရေလဲ ဧရိယာများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းနှင့် သစ်တောသယံဇာတ များကို စနစ်တကျစီမံ အုပ်ချုပ်နိုင်မည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post