• Follow Us on

Home ပူတာအိုမြို့နှင့် နောင်မွန်မြို့တို့မှ PDF အဖွဲ့ဝင် ၅ ဦး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

ပူတာအိုမြို့နှင့် နောင်မွန်မြို့တို့မှ PDF အဖွဲ့ဝင် ၅ ဦး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

Share this post

နေပြည်တော်၊ သြဂုတ် ၉

 

ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းကို ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ဗန္ဓုလခန်းမ၌ ဩဂုတ် ၇ ရက်တွင် ပြုလုပ်ရာ နယ် မြေခံတပ်မှ တာဝန်ရှိသူများ၊ ပူတာအို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်ခဲ့သည့်ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ကချင်ပြည်နယ်၊ ပူတာအိုမြို့နှင့် နောင်မွန်မြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပေးပြီး ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသည်။

 

#PeopleMedia


Share this post