ပူတာအို၌ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ရန္ ေလဆိပ္ႏွင့္ ကားဂိတ္မ်ားတြင္ ကာကြယ္ေရးလုပ္ငန္းမ်ား ပိိိုမိုလုပ္ေဆာင္ေန

PUBLISHED - February 15, 2020
ျမစ္ႀကီးနား၊ ေဖေဖာ္ဝါရီ – ၁၅
ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕တြင္ ကို႐ိုနာဗိုင္းရပ္စ္ ႀကိဳတင္ကာ ကြယ္ေရးလုပ္ငန္းမ်ား ေလဆိပ္ႏွင့္ ကားဂိတ္တို႔၌ ပိုမိုလုပ္ေဆာင္ေနေၾကာင္း ၿမိဳ႕နယ္ျပည္သူ့က်န္းမာေရးဦးစီးဌာနမွ သိရသည္။
ကို႐ိုနာ ဗိုင္းရပ္စ္ကူးဆက္ျပန္႔ပြားမႈႀကိဳတင္ကာကြယ္ေရးလုပ္ငန္းကို မႈလကပိုင္းက ပူတာအိုေလ ဆိပ္တြင္သာေဆာင္ရြက္ၿပီး ႏိုင္ငံတကာတြင္ကူးဆက္မႈပိုမိုျမင့္တက္ေနျခင္းေၾကာင့္ ကားဂိတ္မ်ားအထိပါ က်န္းမာေရးစစ္ေဆးမႈမ်ား အျပင္ အဝင္ခရီးသည္မ်ားကို အဖ်ားတိုင္းျခင္းမ်ား လုပ္ငန္းမ်ားကိုမိုပို လုပ္ေဆာင္ေနေၾကာင္း ပူတာအိုၿမိဳ႕နယ္ က်န္းမာေရးမွဴး ေဒၚရြယ္ဂေရာင့္က ဆိုသည္။
”ကြၽန္မာတို႔ က်န္းမာေရးဝန္ထမ္းေတြ အေလ့အက်နဲ႔ ဦးေဆာင္ၿပီးမွသြားစစ္တယ္။ ေန႔တိုင္းေလယာဥ္လာတိုင္းေပါ႔ ကြင္းခ်ိန္ ဘယ္ခ်ိန္လဲဆိုတာ ကြၽန္မတို႔ကႀကိဳတင္ေရာက္ၿပီးမွ လာတဲ့လူတိုင္းကိုစစ္တယ္။ ဒီေလဆိပ္အျပက္ြၽန္မတို႔ မူလာရွီးဒီ ဂိတ္မွာ အဝင္ကို စစ္တယ္”ဟု ေဒၚရြယ္ဂေရာင့္ကေျပာသည္။
ဤသို႔ စစ္ေဆးရာတြင္ တစ္ေန႔လွ်င္ လူဦးေရ(၁၀၀)ေက်ာ္ခန္႔ကိုေန႔စဥ္ စစ္ေဆးေပးေလ့ရွိေနၿပီး ဇန္နဝါရီ (၂၇) ရက္ေန႔မွ စတင္စစ္ေဆးခဲ့ရာ ယေန႔ထိ သံသယလူနာမေတြ႕ရွိရေသးေၾကာင္း ၎၏ ေျပာဆိုခ်က္အရ သိရသည္။
”ေန႔တိုင္းေတာ့ စစ္တယ္တာေပမယ့္ဒီေန႔အထိ သံသယလူနာတို႔ အဖ်ားရွိတာတို႔ေတာ့ မရ္ှိေသးဘူး”ဟု ဆရာမ ေဒၚရြယ္ဂေရာင့္ကေျပာသည္။
ၿမိဳ႕နယ္ျပည္သူ့က်န္းမာေရးအေနျဖင့္ ယခုကဲ့သို႔ႀကိဳတင္ကာကြယ္စစ္ေဆးျခင္းအျပင္ သံသယလူနာေတြ႕ရွိပါက သီးသန္႔ထားကာ ေစာင့္ၾကည့္ကုသႏိုင္ရန္ ျပည္သူ့ေဆး႐ုံႀကီးတြင္ႀကိဳတင္ျပင္ဆင္မႈမ်ားေဆာင္ရြက္ထားၿပီျဖစ္ေၾကာင္းလည္း သိရသည္။
ကခ်င္ျပည္နယ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားကို ျမန္မာ-တ႐ုတ္တရားဝင္ နယ္စပ္ဂိတ္မ်ားျဖစ္သည့္ ကန္ပိုက္တည္ဂိတ္၊ ပန္ဝါဂိတ္၊ လြယ္ဂ်ယ္ဂိတ္မ်ားတြင္လည္း ေစာင့္ၾကည့္စစ္ေဆးျခင္းလုပ္ငန္းမ်ားကိုအရွိန္အဟုန္ျမင့္တင္ ေဆာင္ရြက္လ်က္ရွိေနေၾကာင္း ကခ်င္ျပည္ နယ္ျပည္သူ့က်န္းမာေရးဦးစီးဌာနမွသိရသည္။
လက္ရွိ ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာ ၂၁ ဦးရွိၿပီး ၁၃ ဦးမွာ ေရာဂါပိုး လုံးဝမရွိေၾကာင္း အစိုးရ က်န္းမာေရးဝန္ႀကီးဌာနက ယေန႔နံနက္ပိုင္းတြင္ေၾကျငာခဲ့ သည္။
ယေန႔ နံနက္ပိုင္းအထိ ကမၻာတဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၇၁၀၂ ဦး၊ ေသဆုံးသူ ၁၅၂၆ ရွိၿပီျဖစ္ၿပီး တ႐ုတ္ႏိုင္ငံတြင္ ၁၅၂၃ ဦး၊ ဖိလစ္ပိုင္၊ ေဟာင္ေကာင္နဲ႔ ဂ်ပန္ႏိုင္ငံတို႔မွာ ၁ ဦးစီ ေသဆုံးခဲ့ၿပီး ေရာဂါ ေပ်ာက္ကင္းသက္သာသူ ၈၂၇၆ ရွိအထိ ရွိလာၿပီျဖစ္ေၾကာင္းသိရသည္။
လြမ္းေအာင္
(unicode)
ပူတာအို၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် လေဆိပ်နှင့် ကားဂိတ်များတွင် ကာကွယ်ရေးလုပ်ငန်းများ ပိိိုမိုလုပ်ဆောင်နေ
မြစ်ကြီးနား၊ ဖေဖော်ဝါရီ – ၁၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ လေဆိပ်နှင့် ကားဂိတ်တို့၌ ပိုမိုလုပ်ဆောင်နေကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုရိုနာ ဗိုင်းရပ်စ်ကူးဆက်ပြန့်ပွားမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မှုလကပိုင်းက ပူတာအိုလေ ဆိပ်တွင်သာဆောင်ရွက်ပြီး နိုင်ငံတကာတွင်ကူးဆက်မှုပိုမိုမြင့်တက်နေခြင်းကြောင့် ကားဂိတ်များအထိပါ ကျန်းမာရေးစစ်ဆေးမှုများ အပြင် အဝင်ခရီးသည်များကို အဖျားတိုင်းခြင်းများ လုပ်ငန်းများကိုမိုပို လုပ်ဆောင်နေကြောင်း ပူတာအိုမြို့နယ် ကျန်းမာရေးမှူး ဒေါ်ရွယ်ဂရောင့်က ဆိုသည်။
”ကျွန်မာတို့ ကျန်းမာရေးဝန်ထမ်းတွေ အလေ့အကျနဲ့ ဦးဆောင်ပြီးမှသွားစစ်တယ်။ နေ့တိုင်းလေယာဥ်လာတိုင်းပေါ့ ကွင်းချိန် ဘယ်ချိန်လဲဆိုတာ ကျွန်မတို့ကကြိုတင်ရောက်ပြီးမှ လာတဲ့လူတိုင်းကိုစစ်တယ်။ ဒီလေဆိပ်အပြင်ကျွန်မတို့ မူလာရှီးဒီ ဂိတ်မှာ အဝင်ကို စစ်တယ်”ဟု ဒေါ်ရွယ်ဂရောင့်ကပြောသည်။
ဤသို့ စစ်ဆေးရာတွင် တစ်နေ့လျှင် လူဦးရေ(၁၀၀)ကျော်ခန့်ကိုနေ့စဥ် စစ်ဆေးပေးလေ့ရှိနေပြီး ဇန်နဝါရီ (၂၇) ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယနေ့ထိ သံသယလူနာမတွေ့ရှိရသေးကြောင်း ၎င်း၏ ပြောဆိုချက်အရ သိရသည်။
”နေ့တိုင်းတော့ စစ်တယ်တာပေမယ့်ဒီနေ့အထိ သံသယလူနာတို့ အဖျားရှိတာတို့တော့ မရ်ှိသေးဘူး”ဟု ဆရာမ ဒေါ်ရွယ်ဂရောင့်ကပြောသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးအနေဖြင့် ယခုကဲ့သို့ကြိုတင်ကာကွယ်စစ်ဆေးခြင်းအပြင် သံသယလူနာတွေ့ရှိပါက သီးသန့်ထားကာ စောင့်ကြည့်ကုသနိုင်ရန် ပြည်သူ့ဆေးရုံကြီးတွင်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားပြီဖြစ်ကြောင်းလည်း သိရသည်။
ကချင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြန်မာ-တရုတ်တရားဝင် နယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုက်တည်ဂိတ်၊ ပန်ဝါဂိတ်၊ လွယ်ဂျယ်ဂိတ်များတွင်လည်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကိုအရှိန်အဟုန်မြင့်တင် ဆောင်ရွက်လျက်ရှိနေကြောင်း ကချင်ပြည် နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂၁ ဦးရှိပြီး ၁၃ ဦးမှာ ရောဂါပိုး လုံးဝမရှိကြောင်း အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့နံနက်ပိုင်းတွင်ကြေငြာခဲ့ သည်။
ယနေ့ နံနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇၁၀၂ ဦး၊ သေဆုံးသူ ၁၅၂၆ ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံတွင် ၁၅၂၃ ဦး၊ ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတို့မှာ ၁ ဦးစီ သေဆုံးခဲ့ပြီး ရောဂါ ပျောက်ကင်းသက်သာသူ ၈၂၇၆ ရှိအထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။
လွမ်းအောင်
#peoplemedia #မြစ်ဖျားဧရာ