• Follow Us on

Home ပေထောင်တန်နဲ့ ချိုနန် အဆင့်မြင့် ဘတ် ၃၀ တန် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ရိုင်းအိပြည်နယ်မှာ မိတ်ဆက်

ပေထောင်တန်နဲ့ ချိုနန် အဆင့်မြင့် ဘတ် ၃၀ တန် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ရိုင်းအိပြည်နယ်မှာ မိတ်ဆက်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၈

 

အဆင့်မြှင့်တင်ထားတဲ့ ဘတ် ၃၀ တန် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို မိတ်ဆက်ပေးဖို့အတွက် ဖီယူ ထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ထရာဟာ ကျန်းမာရေးဝန်ကြီး ချိုနန်ဆရီကွေးနဲ့အတူ ရိုင်းအိ ပြည်နယ်ကို တနင်္ဂနွေနေ့ (ဇန်နဝါရီလ ၇ ရက်နေ့) က သွားရောက်ခဲ့ပါတယ်။

 

အရပ်သုံးစကားအရ ရွှေကတ်လို့ ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်သစ်ရဲ့ ရှေ့ပြေးစီမံချက်ကို ရိုင်အိပြည်နယ်၊ ဖက်ချာဘူရီပြည်နယ်၊ နရာသီဝတ်ပြည်နယ်နဲ့ ဖရဲပြည်နယ် စတဲ့ပြည်နယ်လေးခုမှာ စတင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

“ဘယ်နေရာရောက်ရောက် အသိအမှတ်ပြုကတ်တစ်ခုနဲ့ ဆေးဝါးကုသခွင့်ရရှိမယ့် ဘတ် ၃၀ တန် ကျန်းမာ ရေးစောင့် ရှောက်မှု” ဆိုတဲ့ ဖီယူထိုင်းပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲမှာကြေညာခဲ့တဲ့ မူဝါဒဟာ တစ်နိုင်ငံလုံး ကျန်းမာရေး စောင့်ရှောက်မှုခံစားခွင့်ရရှိအောင် ဖန်တီးထားတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

အဆင့်မြှင့်တင်ထားတဲအစီအစဉ်အရ အခမဲ့ဆေးဝါးကုသခွင့်ရရှိသူတွေဟာ ၎င်းတို့နေထိုင်တဲ့ပြည်နယ်တွင်းက ဆေးရုံတွေမှာ ဆေးဝါးကုသခွင့်ရရှိမှာဖြစ်ပါတယ်။

 

ရှေ့ပြေးစီမံချက်ဟာ အစိုးရဆေးရုံတွေမှာ လူတွေပြည့်ကျပ်နေတာကို လျှော့ချပေးနိုင်ဖို့နဲ့ အကူအညီလိုအပ်နေ တဲ့သူတွေ ခရီးသွားလာစရိတ်လျှော့ချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

 

ပါတီခေါင်းဆောင်ပေထောင်တန်နဲ့ ကျန်းမာရေးဝန်ကြီး ချိုနန်တို့ရဲ့ ခရီးစဉ်မှာ ဝန်ကြီးချုပ်ရဲ့အထွေထွေအတွင်း ရေးမှူး၊ ကျန်းမာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊ အမျိုးသားကျန်းမာရေးကော်မတီအတွင်းရေးမှူးနဲ့ ဖီယူ ထိုင်းပါတီက လွှတ်တော်အမတ်တွေလည်း လိုက်ပါလာခဲ့ကြပါတယ်။

 

ပြည်နယ်ထဲက ကျန်းမာရေးစောင့်ရှောက်မှုနေရာတွေမှာ ဒေသခံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုသတင်းအ ချက်အလက်တွေအတွက် ၁၀၀% အဆင်သင့်ဖြစ်နေတဲ့အတွက်ကြောင့် အခုလို ရှေ့ပြေးစီမံချက်ကို အထက် ကဖော်ပြထားတဲ့ ပြည်နယ်လေးခုမှာ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

ကျန်းမာရေးဝန်ထမ်းတွေအတွက် Provider ID system အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုကြောင့်လည်း အဲဒီဝန်ထမ်းတွေဟာ အီလက်ထရောနစ် ကျန်းမာရေးမှတ်တမ်းတွေနဲ့ ဒစ်ဂျစ်တယ်လ်ဆေးကုသမှုလက်မှတ် တွေကို ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

 

Provider ID system ဟာ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်ရရှိသူတွေကို ဆေးဝါးကုသမှုခံယူရာမှာ အဆင် ပြေချောမွေ့အောင် ဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

 

Provider ID system ကြောင့် ဆေးဝါးကုသမှုခံယူမယ့်သူတွေဟာ ကျန်းမာရေးဆေးရုံ/ဆေးခန်းတွေ၊ သွား ဆေးခန်းတွေ၊ ဓာတ်ခွဲခန်းတွေနဲ့ အခုအစီအစဉ်နဲ့ ချိတ်ဆက်ထားတဲ့ ဆေးဆိုင်တွေအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်တဲ့ နေရာအမျိုမျိုးကနေ ဆေးဝါးကုသမှုခံယူနိုင်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် အဲဒီမြှင့်တင်ထားတဲ့အစီအစဉ်ဟာ Mor Prompt အပလီကေးရှင်းကိုလည်း အသုံးပြုထားပါတယ်။ အဲဒီ အပလီကေးရှင်းကိုအသုံးပြုတဲ့အတွက် လူနာတွေဟာ ၎င်းတို့ရဲ့ ကျန်းမာရေးပြုစုဆောင့်ရှောက်မှုနဲ့ ဆေးဝါးကု သမှုမှတ်တမ်းတွေကိုရရှိနိုင်ခြင်း၊ ကြိုတင်ချိန်းဆိုနိုင်ခြင်း၊ အွန်လိုင်းပေါ်ကနေ ဆေးဝါးတောင်းခံနိုင်ခြင်း၊ ဆေး ဝါးတွေကို delivery စနစ်နဲ့ မှာယူနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။

 

ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဒုတိယဥက္ကဋ္ဌပေထောင်တန်ဟာ ချာတူရာဖတ်ဖီမန် ခရိုင်ဆေးရုံကြီးမှာ one-ID healthcare system ရဲ့ အသင့်ဖြစ်မှုကို စစ်ဆေးကြည့်ရှုခဲ့ပြီး လူနာတွေကို လှည့် လည်ကြည့်ရှု နှုတ်ဆက်ခဲ့ပါတယ်။

 

ဆေးရုံဝင်းအတွင်း ကျန်းမာရေးဝန်ထမ်းတွေကို မိန့်ခွန်းပြောကြားရာမှာ အခုလို ဘတ် ၃၀ တန် ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ဟာ လွန်ခဲ့တဲ့ ၂၂ နှစ်က ၎င်းရဲ့ဖခင် သက်ဆိုင်ရှင်နာဝပ်ထရာ ဦးဆောင်တဲ့ ထိုင်း ရတ်ထိုင်းပါတီအစိုးရလက်ထက်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

 

Ref: Paetongtarn, Cholnan in Roi Et to launch expanded 30-baht healthcare scheme

 

#PeopleMedia


Share this post