• Follow Us on
Latest News

Home ပေထောင်တန်ဟာ ဖီယူထိုင်းပါတီခေါင်းဆောင်အဖြစ် အရည်အချင်းပြည့်မီသူဖြစ်ကြောင်း ဆရက်ထာပြော

ပေထောင်တန်ဟာ ဖီယူထိုင်းပါတီခေါင်းဆောင်အဖြစ် အရည်အချင်းပြည့်မီသူဖြစ်ကြောင်း ဆရက်ထာပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၃

 

ဖီယူထိုင်းပါတီရဲ့ခေါင်းဆောင်ရွေးချယ်မှုကို လာမယ့်သောကြာနေ့မှာကျင်းပမယ့် ပါတီအစည်းအဝေးက ရွေး ချယ်သွားမှာဖြစ်ပေမဲ့ ဖီယူထိုင်းမိသားစုရဲ့ စီမံချက်ခေါင်းဆောင် ပေထောင်တန်ရှင်နာထပ်ထရာဟာ ပါတီ ခေါင်းဆောင်အတွက် အရည်အချင်းပြည့်မီသူဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ပြောကြားလိုက် ပါတယ်။

 

ပါတီခေါင်းဆောင်ချိုနန်ဆရီကွေး နုတ်ထွက်သွားပြီးနောက်မှာ ဖီယူထိုင်းပါတီဟာ ပါတီခေါင်းဆောင်သစ်နဲ့ အမှု ဆောင်အဖွဲ့ ရွေးချယ်ဖို့အတွက် သောကြာနေ့ (အောက်တိုဘာလ ၂၇ ရက်နေ့) မှာ ပါတီအထွေထွေညီလာခံ ကျင်းပသွားမှာဖြစ်ပါတယ်။

 

ဆရက်ထာက ၎င်းအနေနဲ့ ဝန်ကြီးချုပ်မဖြစ်ခင်က ပေထောင်တန်ရဲ့အကြံပေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့ဖူး ကြောင်း၊ ပေထောင်တန်ဟာ အလားအလာရှိပြီး ဆုံးဖြတ်ချက်ခိုင်မာပြတ်သားစွာ အလုပ်လုပ်ကိုင်ဆောင် ရွက်သူဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

 

ပေထောင်တန်ဟာ ထိုင်သင့်တဲ့နိုင်ငံရေးအတွေ့အကြုံရှိထားပြီးဖြစ်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်း ဆရက်ထာက ပြောပါတယ်။

 

ပေထောင်တန်ဟာ ဖီယူထိုင်းပါတီရဲ့ခေါင်းကိုင်ဖခင် သက်ဆင်ရှင်နာဝပ်ထရာရဲ့ အငယ်ဆုံးသမီးဖြစ်ပါတယ်။

 

“သူဟာ တခြားပုဂ္ဂိုလ်တွေအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသလို ခေါင်းဆောင်မှုအရည်အသွေးလည်း မြင့်မြင့်မားမားရှိ တဲ့သူဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ဒါ့ကြောင့်မို့ ပေထောင်တန်ဟာ ဖီယူထိုင်းပါတီကို ဦးဆောင်ဖို့ သင့်တော်တဲ့သူဖြစ်တယ်လို့ ကျွန်တော်ယုံ ကြည်ပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ ညီလာခံမှာ ဘယ်သူ့ကို အမည်စာရင်းတင်သွင်းလာမယ် ဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။” လို့ ဆရက်ထာက ပြောပါတယ်။

 

ပြီးခဲ့တဲ့သောကြာနေ့က သတင်းထောက်တွေက ပေထောင်တန်ကို ပါတီကိုခေါင်းဆောင်ဖို့ အသင့်ဖြစ်ပြီလား လို့ မေးမြန်းတဲ့အချိန်မှာ ၎င်းက အသင့်ဖြစ်ပါပြီလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

Ref: Paetongtarn ideal for Pheu Thai leader’s job: Srettha

 

#PeopleMedia


Share this post