• Follow Us on

Home ပေထောင်တန်အစိုးရသစ်ဟာ ဆရက်ထာအစိုးရဆောင်ရွက်ခဲ့တဲ့စီမံကိန်းတွေကို ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ဖီယူထိုင်းပါတီပြော

ပေထောင်တန်အစိုးရသစ်ဟာ ဆရက်ထာအစိုးရဆောင်ရွက်ခဲ့တဲ့စီမံကိန်းတွေကို ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ဖီယူထိုင်းပါတီပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၁

 

ဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်ဦးစီးတဲ့ အစိုးရအဖွဲ့သစ်ဟာ ဝန်ကြီးချုပ်ဟောင်းဆရက်ထာထာဗီဆင်အစိုးရ စတင်ခဲ့တဲ့ စီမံကိန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖီယူထိုင်းပါတီ သတင်းရင်းမြစ်တစ်ဦးက တနင်္လာနေ့ (သြဂုတ်လ ၁၉ ရက်နေ့) က ပြောပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ပေထောင်တန်ဟာ တနင်္လာနေ့က ပါတီအမှုဆောင်အရာရှိတွေနဲ့ မဟာဗျူဟာအဖွဲ့တွေကို ခေါ်ယူပြီး ဖီယူထိုင်းပါတီဌာနချုပ်မှာ အစည်းအဝေးတစ် ရပ်ကျင်းပခဲ့ရာ ဝန်ကြီးချုပ်ဟောင်းဆရက်ထာလည်း တက်ရောက်ခဲ့ပါတယ်။

 

အရည်အချင်းမပြည့်မီတဲ့သူကို အစိုးရအဖွဲ့ဝင်ဝန်ကြီးခန့်အပ်ခဲ့တဲ့အတွက် ကျင့်ဝတ်ချိုးဖောက်မှုနဲ့ ဆရက်ထာကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပြီးခဲ့တဲ့သီတင်းပတ်က ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

 

နိုင်ငံံ့စီးပွားရေးကို လှုံ့ဆော်ပေးမယ့် အွန်လိုင်းငွေကြေးစနစ်အစီအစဉ် (digital wallet) အပါအဝင် ဆရက်ထာ လက်ထက်ကဆောင်ရွက်ခဲ့တဲ့ စီမံချက်တွေကို တိုးတက်အောင်ဆောင်ရွက်ဖို့အတွက် အစည်းအဝေးမှာ ဆန်း စစ်လေ့လာဆွေးနွေးခဲ့ကြကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

 

အွန်လိုင်းငွေကြေးစနစ်အစီအစဉ်ဟာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်ပြီး တခြားပါတီလေးငါးခု က အကြုံပြုချက်တွေကိုလည်း ချင့်ချိန်စဉ်းစားဖို့ ဝန်ကြီးချုပ်ပေထောင်တန်က ဆောင်ရွက်နေကြောင်း သတင်း ရင်းမြစ်က ပြောပါတယ်။

 

ဘတ်ငွေ ဘီလျံ ၄၅၀ အသုံးပြုမယ့် အွန်လိုင်းငွေကြေးစနစ်အစီအစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတဲ့ ပါတီ တွေက တင်ပြလာတဲ့ အန္တရာယ်တွေအကြောင်းကိုလည်း အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

 

အဲဒီစိုးရိမ်ပူပန်မှုတွေကတော့ ဥပဒေကြောင်း အန္တရာယ်၊ ဘဏ္ဍာရေးအန္တရာယ်၊ အဂတိလိုက်စားမှုအန္တရာယ်နဲ့ အသုံးပြုမယ့်စနစ်အသင့်မရှိမှုအန္တရာယ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

 

ပါတီရဲ့ ထိပ်တန်းဦးစားပေးလုပ်ငန်းဖြစ်တဲ့ လက်ရှိစီးပွားရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ပါတီ ရဲ့စီးပွားရေးအဖွဲ့ကို မြှင့်တင်ရာမှာ အထောက်အကူပြုဖို့အတွက် ပါတီပြင်ပက သင့်တော်မယ့်သူတွေကိုလည်း ဖီယူထိုင်းပါတီက ရှာဖွေနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

 

အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေစာရင်းသစ်ကို ဆန်းစစ်လေ့လာနိုင်ဖို့ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ်ရုံးနဲ့ နိုင်ငံတော် ကောင်စီရုံးကို အင်္ဂါနေ့မှာ ပေးပို့သွားမှာဖြစ်ကြောင်းလည်း ပါတီက ပြောပါတယ်။

 

Ref: New cabinet to continue Srettha’s projects, Pheu Thai says

 

#PeopleMedia


Share this post