• Follow Us on
Latest News

Home ပေထောင်တန်အစိုးရအပေါ် ထိုင်းလူထုယုံကြည်မှု လျော့ပါးနေပြီး သက်ဆင်ပါဝင်ပတ်သက်မှုကို သဘောမကျ

ပေထောင်တန်အစိုးရအပေါ် ထိုင်းလူထုယုံကြည်မှု လျော့ပါးနေပြီး သက်ဆင်ပါဝင်ပတ်သက်မှုကို သဘောမကျ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆

 

ရာခိုင်နှုန်းအများအပြားမဟုတ်ပေမဲ့ ဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ် အစိုးရကို ထိုင်းလူထုယုံကြည်မှု လျော့ ပါးနေပြီး ဖီယူထိုင်းပါတီပေါ် သက်ဆင်ရှင်နာဝပ်ရဲ့ သြဇာလွှမ်းမိုးမှုကိုလည်း သဘောမကျတဲ့ရာခိုင်နှုန်းက ပိုမို များပြားနေကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲရေးအင်စတီကျူ (NIDA) ရဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆန်းစစ်လ့လာမှုအရ သိရပါတယ်။

 

လူဦးရေ ၁၃၁၀ ကို ပြီးခဲ့တဲ့သီတင်းပတ်က ဆန်းစစ်လေ့လာခဲ့ရာ ၅၈% က အစိုးရအပေါ်အယုံအကြည်မရှိ ကြောင်း/လျော့နည်းကြောင်း ဖြေကြားရာမှာ ၂၂.၅၂% က လုံးဝအယုံအကြည်မရှိဘူးလို့ ဖြေကြားပြီး ၃၅.၄၂% ကတော့ သံသယရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

 

၄၁% က ယုံကြည်မှုရှိကြောင်း ဖြေကြားရာမှာ ၂၈.၁၇% က အစိုးရအပေါ် အတန်အသင့်ယုံကြည်တယ်လို့ ဖြေ ဆိုခဲ့ပြီး ၁၃.၁၃% ကတော့ လုံးဝယုံကြည်တယ်လို့ ဖြေပါတယ်။

 

အယုံအကြည်မရှိတဲ့ ၅၈% ဟာ အယုံအကြည်ရှိတဲ့ ၄၁% နဲ့ ဆိုးဆိုးရွားရွား အကွာခြားကြီးမဟုတ်ပေမဲ့လည်း ပေထောင်တန်ဖခင်ဖြစ်သူ သက်ဆင်နဲ့ပတ်သက်ပြီး NIDA အဖွဲ့က ဆိုးဆိုးရွားရွားအဖြေရရှိခဲ့တယ်လို့ ဆိုပါ တယ်။

 

သက်ဆင် နိုင်ငံရေးမှာပါဝင်ပတ်သက်တဲ့အတွက် ဖီယူထိုင်းပါတီအပေါ် အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ၄၀% က အပျက်သဘောသာရှုမြင်ကြောင်း ပြန်လည်ဖြေကြားပါတယ်။

 

၂၂% ကတော့ သက်ဆင်ရဲ့နိုင်ငံရေးပါဝင်ပတ်သက်မှုကို အကောင်းမြင်ပြီး ၃၃.၂၉% ကတော့ ဘာအကျိုး သက်ရောက်မှုမှမရှိဘူးလို့ မြင်ပါတယ်။

 

ဒီနေရာမှာ သက်ဆင်ရဲ့ စိုးရိမ်ပူပန်မှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဝန်ကြီးချုပ်ပေထောင် ဆန်ရဲ့ အသက် အရွယ်ငယ်ရွယ်မှုနဲ့ ဖခင်ဖြစ်သူအပေါ် နိုင်ငံရေးအရ ပါဝင်ပတ်သက်မှုကန့်သတ်ခြင်းဟာ အစိုးရအဖွဲ့အတွက် ဒုက္ခဖြစ်စေနိုင်တယ်လို့ ၃၂% ခန့်က ဖြေကြားပါတယ်။

 

ဘယ်လိုအကြောင်းအရာတွေက အစိုးရအဖွဲ့ကို မတည်မငြိမ်ဖြစ်စေနိုင်သလဲလို့ မေးမြန်းတဲ့အခါ “သက်ဆင်နဲ့ ဆက်နွယ်တဲ့ ဥပဒေကြောင်းအရ တိုင်တန်းမှုတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်တန်းမှုတွေက အစိုးရအဖွဲ့ အတွက် ပြဿနာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မြင်ကြောင်း ၁၉% နီးပါးက ဖြေဆိုခဲ့ပါတယ်။

 

Ref: NIDA findings on Thaksin’s negative impact on govt: Thai PBS World

 

#PeopleMedia


Share this post