ပေါက်ကွဲအားပြင်းထန်တဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ အသေခံဒရုန်း ရုရှားတပ်မတော်လက်ခံရရှိ
PUBLISHED - January 6, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၆
ရုရှားတပ်မတော်ဟာ ပေါက်ကွဲအားပိုမိုပြင်းထန်တဲ့ ထိပ်ဖူးတပ်ဆင်ထားတဲ့ KUB-BLA အသေခံဒရုန်းကို တစ် စင်းကို လက်ခံရရှိလိုက်ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။
Zala Aero ကုမ္ပဏီထုတ် အဲဒီဒရုန်းဟာ အစောပိုင်းက ၃ ကီလိုဂရမ် (၆.၆၁ ပေါင်) အလေးချိန်ရှိတဲ့ ထိပ်ဖူးအ သေးစားတပ်ဆင်ထားတဲ့အတွက် တချို့ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာမှာ ထိရောက်မှုကန့်သတ်ချက်တွေ ရှိနေတယ်လု့ိ ဆိုပါတယ်။
လက်ရှိပြန်လည်အဆင့်မြှင့်ပြုပြင်လိုက်တဲ့ အသေခံဒရုန်းမှာတော့ TNT ယမ်းထက်ပေါက်ကွဲအား ၁.၇ ဆ ပိုမို ပြင်းထန်တဲ့ HMX (အောက်တိုဂျင်) အခြေပြုယမ်းတွေပါဝင်တဲ့ OFBCh-2.5 ထိပ်ဖူးကို တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
“စမ်းသပ်မှုအားလုံးကို အောင်မြင်စွာဆောင်ရွက်ပြီးသွားပြီဖြစ်ပါတယ်။ ပထမဦးဆုံးအသုတ်ကို ဝယ်ယူထားတဲ့ သူတွေဆီကို ပို့ပေးတော့မှာဖြစ်ပါတယ်။ ဒီအသေခံဒရုန်းဟာ လက်နက်ထုတ်ကုန်အသစ်ဖြစ်တဲ့အတွက် အင်မ တန်အရေးကြီးပါတယ်။” လို့ ကလက်ရှ်နီကော့ဗ်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ အလန်လပ်ရှ်နီကော့ဗ်ရဲ့စကားကို ကိုးကားပြီး European Defense Review မှာ ဖော်ပြထားပါတယ်။
လောက်လွှဲပစ်စင်နဲ့ လွှတ်တင်ရတဲ့ ဒီဒရုန်းမှာ ဘက်ထရီအားနဲ့မောင်းနှင်တဲ့ အီလက်ထရစ်မော်တာတစ်လုံး တပ်ဆင်ထားပြီး တစ်နာရီကို ၈၁ မိုင် (ကီလိုမီတာ ၁၃၀) နှုန်းနဲ့ တစ်ဆက်တည်း မိနစ် ၃၀ ကြာမောင်းနှင်နိုင် တယ်လို့ ဆိုပါတယ်။
ဒရုန်းမှာတပ်ဆင်ထားတဲ့ အီလက်ထရစ်မော်တာရဲ့ ဆူညံသံလျော့ပါးမှုကြောင့် ဒီဒရုန်းဟာ ရန်သူ့ရေဒါဖမ်းယူမှု ကို ရှောင်ရှားပြီး တိတ်တဆိတ်ပျံသန်းနိုင်အောင် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒရုန်းမှာ electro-optical sensor တွေတပ်ဆင်မထားတဲ့အတွက် ဒရုန်းပျံသန်းရာလမ်းကြောင်းကို အလိုအလျောက် ချိန်ညှိဆောင်ရွက်တာမျိုး မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။
တြိဂံပုံစံအတောင်ပံနဲ့ ဒီဒရုန်းကို လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲအတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် နည်း ဗျူဟာမြောက်ကင်းထောက်တိုက်ခိုက်ရေးတာဝန်တွေအတွက် ရုရှားအထူးတပ်ဖွဲ့တွေနဲ့ လေကြောင်းချီတပ်ဖွဲ့ တွေက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။
နည်းဗျူဟာမြောက် ကင်းထောက်တိုက်ခိုက်ရေးဒရုန်းဖြစ်တဲ့ ဒီအသေခံဒရုန်းဟာ ကင်းထောက်တာဝန်ထမ်း ဆောင်နိုင်သလို တိုက်ခိုက်ရေးတာဝန်ပါ ထမ်းဆောင်နိုင်ပါတယ်။
ရုရှားစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအဖွဲ့က ဒီဒရုန်းကို ပျံသန်းနိုင်တဲ့အကွာအဝေး၊ ထိရောက်မှုစွမ်းရည်၊ ခြေရာခံစွမ်းရည် စတာတွေကို အရည်အသွေးမြှင့်တင်ပြီး စစ်ပွဲလိုအပ်ချက်အရ မကြာသေးခင်လတွေအတွင်းက နှစ်ဆတိုးမြှင့်ထုတ်လုပ်ခဲ့ကြောင်း အလန်လပ်ရှ်နီကော့ဗ်က ပြောပါတယ်။
Ref: Russian Military Receives Upgraded Kamikaze Drone with Deadlier Warhead
#PeopleMedia