• Follow Us on

Home ပေါက်ခေါင်းနှင့် အောင်လံတို့တွင် PDF သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံး

ပေါက်ခေါင်းနှင့် အောင်လံတို့တွင် PDF သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၂၃

 

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တို့တွင် PDF သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် အမျိုးသား ၁ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းတွင် ပေါက်ခေါင်းမြို့နယ်၊ ချောင်းကောင်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးညွန့်ခိုင် (၅၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးညွန့်ခိုင်တွင် ဦးခေါင်းယာဘက်ခြမ်းပွင့်ထွက် ဒဏ်ရာနှင့် ဝဲပေါင်ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ည ၉ နာရီခွဲတွင် အောင်လံမြို့နယ်၊ အင်တောသာ ကျေးရွာနေ  ဦးအောင်လှကြည်(၆၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမားရှစ်ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်သွားခဲ့၍ ဦးအောင်လှကြည်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post