ပေါက်ခေါင်းမြို့တွင် အမျိုးသားတစ်ဦးကို သတ်ဖြတ်လိုက်ကြောင်း BaGo PDF မှ ထုတ်ပြန်

PUBLISHED - October 20, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၊ အရာတော်အုပ်စု၊ သရက်တပင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို သတ်ဖြတ်လိုက်ကြောင်း BaGo PDF မှ ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁၈ ရက် ည ၉:၂၀ အချိန်တွင် PDF နန်းထိုက်အောင် ဦးဆောင်ပြီး သရက်တပင်ကျေးရွာရှိ လှဝေကို၏ နေအိမ်သို့ရောက်ရှိလာပြီး နေအိမ်အတွင်း ရှိနေသည့် ထိုအမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်သွား ကြောင်း သိရသည်။
သေနတ် (၄) ချက်ပစ်ခတ်ခံရသည့် လှဝေမှာ အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia