ပေါက်ခေါင်းမြို့တွင် အသက်(၇၁)နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်၌ သေနတ်ပစ်ခံရ၍ သေဆုံး
PUBLISHED - February 5, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၊ တောင်လက်ကြီးကျေးရွာတွင် အသက်(၇၁) နှစ်အရွယ် အမျိုး သားတစ်ဦး နေအိမ်၌ သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၄ ရက် နံနက် ၉ နာရီဝန်းကျင်တွင် PDF များမှ ခြေလျင်ဖြင့် တောင်လက်ကြီးကျေးရွာတွင် နေထိုင်သည့် ဦးမြ၏နေအိမ်သို့ရောက်ရှိလာပြီး နေအိမ်အတွင်းရှိနေသည့် ထိုအမျိုးသားကို သေနတ်ဖြင့်ပစ်ခ တ်သွားကြောင်း သိရသည်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် အသက်(၇၁) နှစ်အရွယ် ဦးမြမှာ နဖူးတွင်ကျည်ဖောက်ဝင်/ နောက်စေ့ကျည်ဖောက်ဝင် ဒဏ်ရာတို့ရရှိ၍ သေဆုံးသွားကြောင်း၊ ထိုဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့မှ သွား ရောက်စစ်ဆေးပြီး ရုပ်အလောင်းကို ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ငါန်းဇွန်မြို့တွင် နေအိမ်၌ ကျောင်းဆရာမတစ်ဦး၊ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးပြီး၊ ကျောက်ဆည်မြို့တွင်လည်း အသက်(၆၀) နှစ်အရွယ်အမျိုးသားတစ်ဦး နေအိမ်၌ သတ်ဖြတ်ခံရ သည့် ဖြစ်စဉ်များရှိခဲ့သော်လည်း သတ်ဖြတ်သွားသည့် PDF များကို ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia