• Follow Us on
Latest News

Home ပေါက်ခေါင်းမြို့နယ်တွင် အိုင်စောက်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးတင်လွင်အား သတ်ဖြတ်လိုက်ကြောင်း ပေါင်းတည် PDF ထုတ်ပြန်

ပေါက်ခေါင်းမြို့နယ်တွင် အိုင်စောက်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးတင်လွင်အား သတ်ဖြတ်လိုက်ကြောင်း ပေါင်းတည် PDF ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၁၇

 

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်အုပ်စု အိုင်စောက်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဦးတင်လွင်အား သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပေါင်းတည်မြို့နယ်(PPDF ၃၆၀၁ တပ်ရင်း) မှ သတင်းထုတ်ပြန်ထား သည်။

 

ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်အုပ်စု အိုင်စောက်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးတင်လွင်အား သြဂုတ် ၁၅ ရက် မွန်းလွဲ ၃ နာရီ ၄၅ အချိန်တွင် သူ၏ နေအိမ်သို့ သွားရောက်ပစ်ခတ်ရှင်းခဲ့ရာ ဦးခေါင်းနှင့် ရင်ဘတ်တို့၌ ကျည်ထိမှန်ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဦးတင့်လွင်သည် စစ်မှုထမ်းရန်အတွက် ပြည်သူများကို အတင်းအဓမ္မစုဆောင်ပေးခြင်း၊ စစ်မှုထမ်းများကို ထောက်ပံ့ပေးမည့် ငွေကြေးများကို ကောက်ခံပေးနေခြင်းများလုပ်နေသူဟု စွပ်စွဲကာ သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

 

#PeopleMedia


Share this post