• Follow Us on
Latest News

Home ပေါက်ခေါင်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေးမှူး သတ်ဖြတ်ခံရ

ပေါက်ခေါင်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေးမှူး သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာအုပ်စု၊ ကြို့ပင်ဝိုင်းကျေးရွာတွင် နေထိုင်သည့် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေးမှူးအား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

 

နိုဝင်ဘာလ (၂၅)ရက် နံနက် (၆)နာရီ (၄၅)မိနစ်အချိန်က ကြို့ပင်ဝိုင်းကျေးရွာနေ ဦးစိုးမြင့်သည် ဇနီးဖြစ်သူ ဒေါ်ဝင်းခိုင်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အဖွဲ့ဝင် (၅)ဦး သည် နေအိမ်သို့ ရောက်ရှိလာပြီး ဦးစိုးမြင့်အား လက်နက်ငယ်ဖြင့်(၂)ချက် ပစ်ခတ်၍ တောင်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

 

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးစိုးမြင့်တွင်လက်နက်ငယ်ကျည် ဦးခေါင်းထိမှန် ဒဏ်ရာ (၂)ချက်ဖြင့် အခင်း ဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ ဦးစိုးမြင့်သည် ပေါက်ခေါင်းမြို့နယ် ကြံ့ခိုင်ရေးပါတီသို့ ၂၀၁၀ ခုနှစ်မှ စတင်၍ ဝင်ရောက်လာသူ ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ရပ်/ကျေးစည်းရုံးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post