• Follow Us on

Home ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းအုပ်စုအုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူတို့သတ်ဖြတ်ခံရ

ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းအုပ်စုအုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူတို့သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ ဧပြီ ၃

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ထွေးနှင့် သားဖြစ်သူ စစ်မှုထမ်းဟောင်းတပ်ကြပ်ကြီးကျော်စိုးတို့အား ယမန်နေ့ ညပိုင်းအချိန်တွင် သတ်ဖြတ်ခံခဲ့ရကြောင်း သိရ သည်။

 

PDFပူးပေါင်းအဖွဲ့သည် ယမန်နေ့ ည ၈ နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းအုပ်စု၊ ညောင်ပင် အင်းရွာနေ ညောင်ပင်အင်းအုပ်စု အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူ စစ်မှုထမ်းဟောင်းတပ်ကြပ်ကြီးကျော်စိုးတို့ အား PDF များမှ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်လာရာ  သဖန်းကိုင်းရွာဆည်ကြီးကုန်းအရှေဘက် သရက် ချောင်းလမ်းအရောက်တွင် ဆိုင်ကယ်အားဆွဲလဲပြီး ထွက်ပြေးရန် လုပ်ဆောင်လာသဖြင့် ည ၁၀ နာရီအချိန်တွင် အုပ်ချုပ်ရေးမှူး ဦးတင်ထွေးနှင့် ၎င်း၏ သားဖြစ်သူ တပ်ကြပ်ကြီးကျော်သူစိုးတို့အား ပစ်ခတ်ရှင်းလိုက်ကြောင်း ပြည်ခရိုင်၊ တပ်ရင်း – ၃၆၀၂မှ ထုတ်ပြန်ထားသည်။

 

၎င်းကောင်းတိုထံမှ မှတ်ပုံတင်တစ်ခု၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်ကတ်ပြားတစ်ခု၊ ဆိုင်ကယ်တစ်စီး၊ လက် ကိုင်ဖုန်း (၂) လုံးတို့ကို ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post