ပေါက်မြို့နယ်၊ ဒီဒုတ်ကွင်းကျေးရွာ တိုက်ခိုက်ခံရပြီးနောက် တိုင်းအစိုးရ အကူအညီမပေး၍ ဒေသခံများ နေရပ် စွန့်ခွာ
PUBLISHED - October 27, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၇
ပြီးခဲ့သည့်ရက်ပိုင်းက မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီဒုတ်ကွင်းကျေးရွာကို PDF အဖွဲ့များ ဝင်ရောက်တိုက်ခိုက် ပြီး ဒေသခံ ၃ ဦးနှင့် ပြည်သူ့စစ် ၁ ဦး ကျဆုံးခဲ့ပြီး ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိထားသည်။
အလားတူ ဒေသခံများ၏ နေအိမ် ၆၁ လုံးကိုလည်း PDF အဖွဲ့က မီးရှုှို့ဖျက်ဆီးသွားသလို ရိက္ခာများ၊ နွားများ၊ ဝက်များကိုလည်း ယူဆောင်သွားသည်။
တိုက်ခိုက်ခံရသည့် ဒီဒုတ်ကွင်းကျေးရွာသည် ပေါက်မြို့နှင့် ၁၀ မိုင်ခန့်အကွာမှာ တည်ရှိပြီး လမ်းပန်းဆက် သွယ်ရေးကောင်းမွန်သည့် ကျေးရွာဖြစ်သည်။
ထိုကဲ့သို့ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရသော်လည်း မကွေးတိုင်းအစိုးရမှ ကူညီထောက်ပံ့မှု လုံးဝမရှိ၍ ဒေသ ခံများသည် ကျေးရွာအတွင်းမှ အလုံးအရင်းဖြင့် ထွက်ခွာလျက်ရှိနေသည်။
#PeopleMedia