• Follow Us on
Latest News

Home ပေါင်မုန့်စက်ရုံတွင် အလုပ်အပ်ပေးမည်ဟုပြောဆိုကာ ကျားဖောင်ပေါ်သို့ပို့ဆောင်၍ အဓမ္မခိုင်းစေပြီး လုပ်အားခခေါင်းပုံဖြတ်ရယူခဲ့သူများကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်

ပေါင်မုန့်စက်ရုံတွင် အလုပ်အပ်ပေးမည်ဟုပြောဆိုကာ ကျားဖောင်ပေါ်သို့ပို့ဆောင်၍ အဓမ္မခိုင်းစေပြီး လုပ်အားခခေါင်းပုံဖြတ်ရယူခဲ့သူများကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်

Share this post

နေပြည်တော်၊ ဇူလိုင် ၃၀

 

ပေါင်မုန့်စက်ရုံတွင် အလုပ်အပ်ပေးမည်ဟု လိမ်လည်ပြောဆိုကာ ကျားဖောင်ပေါ်သို့ ပို့ဆောင်၍ အဓမ္မခိုင်း စေပြီး လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သူများကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် မြောင်းမြမြို့နေ ဇော်နိုင်တို့က လပွတ္တာမြို့နယ်နေ ဦး —–၊ ၃၄ နှစ်အား မြောင်းမြမြို့ရှိ ပေါင်မုန့်စက်ရုံတွင် အလုပ်အပ်ပေးမည်ဟု လိမ်လည် ပြောဆိုကာ ဖျာပုံမြို့နယ် နောက်မီးကျေးရွာမှ လူဝကြီး (ခ) သန်းနိုင်ထံတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် ကျားဖောင်ပေါ်သို့ ပို့ဆောင်ပြီး လုပ်အားခငွေကျပ် ၇၅၀၀၀၀ အား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ကန်ဘက်နယ်မြေ ရဲစခန်း (ပ) ၇၃/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ရာ လပွတ္တာခရိုင်တရားရုံးက ယမန်နေ့တွင် တရားခံ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် ဇော်နိုင်တို့နှစ်ဦးကို လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post