• Follow Us on
Latest News

Home ပေါင်မြို့တွင် သားမက်ဖြစ်သူမှ ယောက္ခမ၏နေအိမ်အား မီးရိူ့ရာ အသက် (၇) နှစ်အရွယ်ကလေးတစ်ဦး မီးလောင်၍ သေဆုံး

ပေါင်မြို့တွင် သားမက်ဖြစ်သူမှ ယောက္ခမ၏နေအိမ်အား မီးရိူ့ရာ အသက် (၇) နှစ်အရွယ်ကလေးတစ်ဦး မီးလောင်၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့၊ ဇင်းကျိုက်ရပ်ကွက်၊ အမှတ် (၈) နယ်မြေ၊ ဝါရီရူလမ်းတွင် သားမက်ဖြစ်သူမှ ယောက္ခမ၏နေအိမ်အား မီးရိူ့ရာ အသက် (၇) နှစ်အရွယ်ကလေးတစ်ဦး မီးလောင်၍ သေဆုံးသွားကြောင်း သိ ရသည်။

 

ဖြစ်စဉ်မှာ ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်စကားများ၍ ဇနီးဖြစ်သူမှ ၎င်း၏ မိခင်အိမ်သို့ ဆင်းသွားပြီး ၃ ရက်အကြာ တွင် အမျိုးသားဖြစ်သူမှ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁:၄၀ အချိန်တွင် ယောက္ခမအိမ်သို့ သွားပြီး ဇနီးအား ခေါ်ရာ မလိုက်သောကြောင့် ရန်ဖြစ်ပြီး ယောက္ခမနေအိမ်အားမီးရိူ့ရာမှ ထိုနေအိမ်မှတစ်ဆင့် မီးကူးစက်၍ နေအိမ် (၂) လုံးမီးလောင်ခဲ့ကြောင်း သိရသည်။

 

ထိုမီးလောင်မှုကြောင့် ပေါင်းမြို့နယ်မီးသတ်စခန်းသို့ ဖုန်းဆတ်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ ပေါင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဇင်းကျိုက်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး တို့ဖြင့် ထွက်ခွာမီးငြိမ်းသတ်ရာ ၀၁:၄၅ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

ထို့ပြင် နေအိမ်(၂) လုံးမီးလောင်မူကြောင့် အသက်(၇)နှစ်အရွယ် မသွန်းပကားထောမှာမီးလောင်၍ သေဆုံး သွားကြောင်း၊ ကျူးလွန်သည့် အမျိုးသားကို ဇင်းကျိုက်နယ်မြေရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post