ပေါင်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

PUBLISHED - September 21, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သထုံ-မော်လမြိုင်ခရိုချင်းဆက်လမ်း အလယ်ကျေးရွာအနီးတွင် အမျိုး သားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပေါင်မြို့မှ မုတ္တမဘက်သို့ မော်တော်ဆိုင်ကယ်ဖြင့် အမျိုးသားတစ်ဦး မောင်း နှင်လာစဉ် ထိုအမျိုးသားကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ထိုပစ်ခတ်ခံရသည့် အမျိုးသားမှာ ပေါင်မြို့တွင် နေထိုင်သည့် အသက်(၅၃) နှစ်အရွယ် ဦးဝင်း ဇော်(ခ)ဂျက် ကော့ဖြစ်ပြီး သေနတ်ပစ်ခတ်ခံရမှုကြောင့် ညာပါး/ဦးခေါင်းနောက်စေ့တိုတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ ရရှိပြီး သေဆုံးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia